၃၀.၇.၂၀၂၅
Written By Thandar
အခမ်းနားဆုံးမင်္ဂလာပွဲကို ကျင်းပနိုင်မယ့် မင်္ဂလာမောင်နှံတွေအတွက် Wyndham Grand Wedding Expo 2025 ပွဲကြီးကို လာမယ့် သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ နံနက် ၁ဝ နာရီကနေ ညနေ ၅ နာရီအထိ Amarapura Grand Ballroom (Level-3) မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ စာနယ်ဇင်းမိတ်ဆက်ပွဲကို အနုပညာရှင်ဖြစ်တဲ့ မြယာ၊ လားဒင့်ထားရီနဲ့ ဖက်ရှင်ဒီဇိုင်နာတွေ တက်ရောက်ခဲ့ပြီး ယနေ့ ဇူလိုင် ၃၀ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Wyndham Grand Hotel မှာကျင်းပခဲ့ပါတယ်။
“ဒီပွဲကြီးမှာ Wedding Packages တွေကို အထူးလျှော့စျေးတွေနဲ့ ရောင်းချပေးသွားမှာဖြစ်တာမို့ မင်္ဂလာမောင်နှံတွေအနေနဲ့ Wedding Package တွေဝယ်ယူလိုက်ရုံနဲ့ ကျပ်သိန်း ၄၀ ကနေ ကျပ်သိန်း ၂၀၀ ကျော်အထိ Cashback တွေ ပြန်လည်ရရှိနိုင်မယ့် အမိုက်စားဆုလက်ဆောင်တွေ ကံစမ်းရယူနိုင်မှာဖြစ်ပါတယ်”လို့ မယုကေပန်က (Wedding Sales)က ပြောပါတယ်။
Wyndham Grand Wedding Expo 2025 ပွဲကြီးမှာ မင်္ဂလာမောင်နှံတွေအတွက်လိုအပ်တဲ့ မင်္ဂလာဝတ်စုံတွေနဲ့ စုံလင်လှတဲ့ ရတနာပစ္စည်းများ၊ Wedding Studio တွေနဲ့ အခမ်းအနားပြင်ဆင်မှုတွေ၊ ပန်းအလှပြင်ဆင်မှုတွေ၊ မင်္ဂလာပြန်ကမ်းလက်ဆောင်တွေ၊ အိမ်ယာခြံဝန်းတွေနဲ့ ခရီးသွားဝန်ဆောင်မှု အစရှိတဲ့ ဝန်ဆောင်မှုတွေအားလုံးကို တစ်နေရာတည်းမှာ လေ့လာစုံစမ်းနိုင်မှာလည်းဖြစ်ပါတယ်။
“အန်တီငယ်တို့ မင်္ဂလာဦးဇနီးမောင်နှံတွေအနေနဲ့ စိတ်ကူးအိပ်မက်ထဲကအတိုင်း ကြီးကျယ်ခမ်းနားလှပတဲ့ မင်္ဂလာပွဲကို အကောင်းဆုံး ဖန်တီးနိုင်ဖို့အတွက် Wyndham Grand Wedding Expo 2025 မှာ ဖက်ရှင်တွေကို အမိုက်စားချပြသွားမှာဖြစ်ပါတယ်”လို့ KS Collection Wedding Founder က ဒီဇိုင်နာအန်တီငယ်က ပြောပါတယ်။
#MyaYar #LarDinHtarYi #KSCollection
#WyndhamGrandWeddingExpo2025 #WeddingExpo2025
#MakeupMayOoMaung




