၃၀.၇.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်က မော်ဒယ်လ် သရုပ်ဆောင်ခွန်ရှိုင်းရဲ့ Birthday Party ပွဲကို ဇူလိုင် ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Par Gyi Bar မှာကျင်းပခဲ့ရာ အနုပညာရှင်တချို့ ပျော်ရွှင်စွာတက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော့်အနေနဲ့ မွေးနေ့လုပ်ဖို့အစီအစဉ်က မရှိပါဘူး။ နေလည်းသိပ်မကောင်းတော့လေ။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းတွေလည်း မတွေ့ရတာကြာပြီမို့ အမှတ်တရအနေနဲ့ မွေးနေ့လည်း ကျင်းပဖြစ်သွားတာပါ။ မွေးနေ့ကို အရင်ရက်ကလည်း ဆရာတော်ကျောင်းမှာ အလှူလေးတွေ လုပ်ခဲ့ပါသေးတယ်။ ခုလိုကောင်းမှုကုသိုလ်လေးတွေ လုပ်ရင်း ဖြတ်သန်းရတာလည်း ပီတိဖြစ်ပြီး ပျော်ရပါတယ်”လို့ သရုပ်ဆောင် ခွန်ရှိုင်းက MT Entertainment ကိုပြောပါတယ်။
အဆိုပါအခမ်းအနားကို သရုပ်ဆောင် ရဲလေးမ၊ ဒီဇိုင်နာဟိန်းရတု၊ ဟိန်းရှိုင်း စတဲ့သူတွေတက်ရောက်ခဲ့ကြပြီး အမှတ်တရ မွေးနေ့ကိတ်ခွဲပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။ ခွန်ရှိုင်းကတော့ လက်ရှိမှာ မင်းသမီး မေမီကိုကိုရဲ့ Stylist အနေနဲ့ လုပ်ဆောင်ပေးနေသူလည်းဖြစ်ပါတယ်။
“ရဲလေးမ ချစ်ရတဲ့ ညီလေး ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသက် ၁၀၀ အနာကင်းပြီးတော့ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်ပါစေ။ သူကအနုပညာမှာလည်း ဝါသနာပါတဲ့အတွက် အနုပညာမိုးကောင်းကင်မှာ အလင်းလက်ဆုံးကြယ်ပွင့်လေးဖြစ်ပါစေနော်”လို့ သရုပ်ဆောင် ရဲလေးမက မွေးနေ့ဆုမွန်တောင်းပေးလိုက်ပါတယ်။
#ခွန်ရှိုင်း #ရဲလေးမ #ဟိန်းရတု #KhonShine #YeLayMa #HeinYatu #HeinShine
#MyanmarCele #CeleBirthdayParty







