၂. ၂. ၂၀၂၃
Written By Thandar

မော်ဒယ်လ် သရုပ်ဆောင်ချာလီကတော့ သူ့အတွင်းခံပုံနဲ့ ဓာတ်ပုံရိုက်တင်လိုက်တဲ့အချိန်မှာ မိန်းကလေးတွေလာမန့်တာများသလို ပရိသတ်တွေကြားလည်း ဂယက်တွေထသွားတယ်လို့ ဖွင့်ဟလာပါတယ်။

“တကယ်တော့ ဒီပုံလေးက ထွေထွေထူးထူးမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲက Idea ပေါ်လာရင်း ရိုက်လိုက်တာပါ။ ဖုန်းကြီးထိုးပြီး ပေးလိုက်တယ်။ သူတို့လည်း ရိုက်ပေးတင်လိုက်တာပဲ။ ပုံတင်ရင်လည်း ကြိုက်ကြပါတယ်။ အဲဒီပုံလေးက ကျွန်တော် မန္တလေးသွားတုန်းက Dee ရိုက်ပေးတာပါ။ ကိုယ့်စိတ်ကူးထဲက Idea အတိုင်း နိုင်ငံခြားက Celebrity ရိုက်တာရှိတယ်။ ငါဘယ်လိုပြန်ရိုက်မယ်ဆိုတဲ့ စိတ်ကူးရှိတယ်လေ။ ဟိုတယ် ရောက်ရောက်ချင်း နေဝင်တဲ့ Lighting နဲ့ ကျွန်တော်လိုချင်တဲ့ Leather Sofa တပါတည်းရှိနေလို့ ချက်ခြင်းပဲ အင်္ကျီကောက်ချွတ်ပြီး ရိုက်လိုက်တာပါ။ အဲဒီပုံက မထင်မှတ်ထားလောက်အောင် ဂယက်တွေထသွားတယ်”လို့ မော်ဒယ်လ်သရုပ်ဆောင် ချာလီကပြောပါတယ်။

မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်သရုပ်ဆောင်အချင်းချင်း သဘောကျပြီးတော့ ချာလီရဲ့ Instagram, Facebook Post က ပုံတွေအတိုင်း အတုယူ ပုံတွေရိုက်ကူးကြတယ်လို့ သိရပါတယ်။ ချာလီက လက်ရှိထုတ်လွှင့်ပြသနေတဲ့ မောင်မောင်တို့ရဲ့မောင်မောင် ဇာတ်လမ်းတွဲမှာ ပြည်စုံမောင်မောင်ဆိုတဲ့ ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးရေးအပိုင်းကလည်း ၄ လကျော် ၅ လနီးပါး ရိုက်ရတဲ့အတွက် အမှတ်တရတွေလည်း အများကြီးရှိခဲ့တယ်လို့ သိရပါတယ်။

“အတွင်းခံနဲ့ဓာတ်ပုံအောက်မှာ Comment တွေရေးတာ မိန်းကလေးတွေတော်တော်များတယ်။ ဝေဖန်ကြတယ်။ ယောက်ျားထုကြီးကလည်း မိန်းကလေးဖြစ်ပြီးတော့ ယောက်ျားတစ်ယောက်ကို ဒီလိုမျိုးပြောတယ်။ တကယ်လို့ ယောက်ျားတွေသာပြောခဲ့ရင် နင်တို့တွေ စာတတန် ပေတတန်လုပ်ရင်ပြန်ပြီး ရေးကြမယ်ဖြစ်ကြတာတော့ ဒါလေးတွေက အမှတ်တရပါပဲ။ ကျွန်တော်ကတော့ ဘာမှမမြင်ပါဘူး။ ရှေ့မှာကြုံခဲ့ဖူးတော့လေ။ စိတ်လည်းမဆိုးပါဘူး။ အတွင်းခံနဲ့ဓာတ်ပုံရိုက်တာ ဒီလောက်ကြီး ကိစ္စကြီးသွားမယ်မထင်ခဲ့ဘူး။ ကျွန်တော်က အဲဒီပုံတင်လိုက်ရင် ဒီကောင်ကြီး ဘာတွေပွဲရှာတာလဲလို့ ပြောခံရ မယ်တော့ထင်တယ်။ ဒါပေမယ့် တင်စရာပုံမရှိလို့ဆိုပြီး တင်ချလိုက်တာ ထင်တဲ့အတိုင်း ပြောခံရတော့တာပဲ” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *