Photo News
၂. ၂. ၂၀၂၃
Photo Kyaw Soe Moe (Pyapon)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သက်တမ်း ၆ လထပ်မံတိုးတဲ့အတွက် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ပြီး ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့က တပ်မတော်ထောက်ခံပွဲနဲ့ ကာလုံကြိုဆိုပွဲဟာ လူရာဂဏန်းသာရှိပေမဲ့လည်း ဖျာပုံက နစက ထောက်ခံပွဲကတော့ ဒေသခံပြည်သူ အင်အား ၃၀၀၀ ခန့်နဲ့ စုပေါင်းထောက်ခံပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီထောက်ခံပွဲကို ဖျာပုံမြို့ ကုန်ကားဝန်းစုရပ်က စတင်ပြီး နိုင်ငံတော်အလံ၊ တပ်မတော်အလံ၊ ဗီနိုင်း၊ ပိုစတာတွေကို ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့အတူ မြို့အတွင်းလှည့်လည် ထောက်ခံပွဲဆင်နွှဲပြီး ပြည်သူအားကစားကွင်းထဲအထိ ချီတက်ထောက်ခံပွဲ ဆင်နွှဲခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *