MT News
၂၇. ၇. ၂၀၂၅
၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများအနက် ဘာသာရှင်ဂုဏ်ထူးရှင်နှင့် ရမှတ်အများဆုံး လူ ၃၀ စာရင်းကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာ သိပ္ပံတွဲတွင် မင်းဘူးမှ ဖြေဆိုသူ မောင်ဂျူးသက်ကိုက ၆ ဘာသာဂုဏ်ထူးဖြင့် ပထမရပြီး ဝိပ္ပံတွဲတွင် စမ်းချောင်းမှ မယွန်းယမုံကျော်က ၅၂၀ မှတ်ဖြင့် တစ်နိုင်ငံလုံး ပထမရကာ ဝိဇ္ဇာတွဲတွင်မူ မိုးညှင်းမှဖြေဆိုသူ မငြိမ်းငြိမ်းလွင်က ရမှတ် ၄၈၁ မှတ်၊ ငါးဘာသာဂုဏ်ထူးဖြင့် တစ်နိုင်ငံလုံး ပထမရရှိခဲ့သည်။

ထို့ပြင် သိပ္ပံတွဲတွင် မရွှန်းသံသာအေးက ၅၄၆ မှတ်ဖြင့် ဒုတိယ၊ မောင်မင်းကြယ်စင်သန့်က ၅၄၅ မှတ်ဖြင့် တတိယ၊ မောင်ဖြိုးထက်အောင်က ၅၄၅ မှတ်ဖြင့်ပင် စတုတ္ထ၊ မောင်ကြံဦးနှင့်မောင်ကောင်းနေထူးတို့က ၅၄၃ မှတ်စီဖြင့် ပဉ္စမနှင့် ဆဋ္ဌမ၊ မနှင်းသီရိဝေက ၅၄၁ မှတ်ဖြင့် သတ္တမ၊ မခင်ငြိမ်းချမ်းက ၅၄၀ မှတ်ဖြင့် အဋ္ဌမ၊ မခင်ပပကျော်က ၅၃၉ မှတ်ဖြင့် နဝမနေရာရရှိရာ ဒသမနေရာတွင်မူ မောင်ထူးအောင်ဝင်း၊ မလင်းလင်းယု၊ မအိနဒီကျော်နှင့် မလှမျိုးခင်တို့က ၅၃၈ မှတ်စီဖြင့် လေးဦးအပြိုင်ရှိနေခဲ့သည်။

ထို့အတူ ဝိပ္ပံတွဲတွင် မသက်မှူးဝေဇင်က ပထမဆုရှင် မယွန်းယမုံကျော်နည်းတူ ရမှတ် ၅၂၀ ဖြင့် ဒုတိယ၊ မခိုင်သဇင်ထက်က ၅၁၇ မှတ်ဖြင့် တတိယ၊ မယဥ်မင်းခန့်က ၅၁၅ မှတ်ဖြင့် စတုတ္ထ၊ မအိမြတ်သူက ၅၁၄ မှတ်ဖြင့် ပဉ္စမနှင့် မမူမူမြင့်၊ မောင်ရဲမင်းထိုက်၊ မောင်ရန်နိုင်ခန့်၊ မောင်အာကာဇော်၊ မောင်ပိုဌေးတို့က ဆဋ္ဌမမှ ဒသမနေရာအထိ အစဥ်လိုက်ရှိနေခဲ့သည်။

အလားတူ ဝိဇ္ဇာတွဲတွင် မောင်စောချစ်အောင်ဇေယျာထွန်းကလည်း ပထမဆုရှင် ငါးဘာသာဂုဏ်ထူးရှင် မငြိမ်းငြိမ်းလွင်နှင့် အမှတ်တူ လေးဘာသာဂုဏ်ထူးရကာ ၄၈၁ မှတ်ဖြင့်ပင် ဒုတိယရပြီး မအေးချမ်းသူက ၄၄၇ မှတ်ဖြင့် တတိယ၊ မအိမြတ်နိုးက ၄၇၁ မှတ်ဖြင့် စတုတ္ထ၊ မဖြူဇင်ခိုင်က ၄၇၀ မှတ်ဖြင့် ပဉ္စမနှင့် မောင်နိုင်ထက်ဦး၊ မနန်းဝတ်ရည်၊ မောင်ဟိန်းမင်းထွဋ်၊ မအေးအေးသီ၊ မသန္တာဝင်းတို့က ဆဋ္ဌမမှ ဒသမနေရာအထိ အစဥ်လိုက်ရှိနေခဲ့ကာ တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့ကြသည်။
ယခု ၂၀၂၅ ခုနှစ်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၂၀၇,၈၉၈ ဦး၊ အောင်မြင်သူ ၉၉၉၂၄ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရလဒ်ထွက်ပေါ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
