
၂၇.၇.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အတ္တရာခန်ပြည်နယ်၊ ဟာရစ်ဝါမြို့မှာရှိတဲ့ မန်ဆာဒီဗီ ဟိန္ဒူဘုရားရှိခိုးကျောင်းမှာ လူတစ်ဦး ကဘုရားကျောင်းကိုသွားတဲ့ လူသွားလမ်းမှာ တိုက်ရိုက်လျှပ်စီးကြောင်းစီးဝင်နေတယ်လို့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက အော်ဟစ်ပြောဆိုခဲ့ရာက ဘုရားကျောင်းလာသူတွေအကြား ကြောက်လန့်တကြား ကမူးရှုးထိုး ထွက်ပြေးကြတာမှာ အနည်းဆုံးလူခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရခဲ့တယ်လို့ ဟာရစ်ဝါရှိ ရာဇဝတ်တရားသူကြီးက ပြောခဲ့ပါတယ်။
ပြည်နယ်သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က ဘုရားကျောင်းမှာ ခုလို လူအုပ်ပြိုမှု ဖြစ်ပွားတာကို သတင်းရ တာနဲ့ ကယ်ဆယ်ရေးအဖွဲ့သုံးဖွဲ့စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ခုလို ကြောက်လန့်တကြားပြေးလွှားပြီး လူအုပ်ပြိုမှုက ဘုရားကျောင်းကိုသွားတဲ့ လူသွားလမ်းမှာ နံနက် ၉ နာရီလောက်က ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။



ရှေးဦးသတင်းတွေအရ သေဆုံးသူ အနည်းဆုံးခြောက်ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးမှ ၁၅ ဦးထိရှိတယ်လို့ ဟာရစ်ဝါခရိုင် ရာဇဝတ်တရားသူကြီး မာယူ ဒီဆစ်က ပြောခဲ့ပါတယ်။ သူက အဖြစ်အပျက်ကို စုံစမ်းလျက်ရှိကြောင်း၊ ဘုရားကျောင်းသွားလမ်းမှာ ဘယ်လျှပ်စီးမှ မရှိဘဲ တမင်သက်သက် ဘုရားကျောင်းလာသူတွေကို ထိတ်လန့်တကြားဖြစ်အောင်လုပ်ခဲ့တာပဲလို့ ဆက်လက်ပြောခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ပွတ်ရှ်ကာ ဆင်း ဒါမီကလည်း ဘုရားကျောင်းမှာ ခုလိုဖြစ်ရတဲ့သတင်းကြောင့် အ လွန်ဝမ်းနည်းရပါတယ်လို့ ပြောခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလည်းဆောင်ရွက်နေကာ အခြေအနေကိုအနီးကပ်ကြီးကြပ်နေတယ်လို့ ပြောခဲ့ပါတယ်။
Ref- Hindustan Times
