၂၆. ၇. ၂၀၂၅
Written by Thiri
မြဝတီမှာ ယာယီရေဘေးရှောင်နေတဲ့နေရာက ကုက္ကိုလ်ပင်ပြိုလဲကျပြီး ဆယ်နှစ်ကျော် မိန်းကလေးငယ်ကို ပိမိနေတဲ့ဖြစ်စဉ် အချိန်သုံးနာရီကျော်အကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ပေမယ့် ခြေထောက်တစ်ဖက် နှစ်ပိုင်းကျိုးကာ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှု တချို့ကြောင့် ကျောက်ကပ်ပျက်စီးနေလို့ ထိုင်းနိုင်ငံဘက်ခြမ်းက ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ကုသဖို့ လိုအပ်နေတယ်လို့ လူအားငွေအားနဲ့ အကူအညီပေးနေတဲ့ Z-Recuse ထံက သိရပါတယ်။
သောင်းရင်းမြစ်ရေလျှံနေပြီး ရပ်ကွက်ထဲကနေအိမ်တချို့ ရေနစ်မြုပ်နေလို့ ရေဘေးလွတ်ရာ ယာယီတိမ်းရှောင်နေထိုင်စဉ် နှစ်ချို့ကုက္ကိုလ်ပင်လဲကျရာက ဆယ်နှစ်ကျော်အရွယ်မိန်းကလေးပေါ်ကို ပိမိရာ ခဲရာခက်ဆစ်ကယ်ထုတ်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခု ဇူလိုင် ၂၄ ရက်နေ့ညက ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။
အဆိုပါ မိန်းကလေးငယ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တွေက သုံးနာရီမျှ အချိန်ယူပြီး ခဲရာခဲဆစ် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မြဝတီခရိုင်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မိန်းကလေးငယ်မှာ ရရှိထားတဲ့ ကိုယ်တွင်းဒဏ်ရာတွေကြောင့် ကျောက်ကပ်ပျက်စီးသွားခဲ့လို့ ကုသဖို့အတွက် ထိုင်း ဘတ်ငွေ ၆ သိန်းဝန်းကျင် ကုန်ကျနိုင်သလို အခက်အခဲဖြစ်နေတဲ့ ကလေးငယ်ရဲ့ မိဘတွေ အခုအခါ ကလေးအတွက် အလှူရှင်ပေါပြီမို့ စိတ်အေးရပြီလို့လည်း Z-Recuse အဖွဲ့ထံကနေ သိရပါတယ်။


