◾ ထိုင်းဘက်တွင် စစ်သားခြောက်ဦး အပါအဝင် သေဆုံးသူ ၁၉ ဦးရှိပြီး ကမ္ဘောဒီးယားဘက်တွင် သေဆုံးသူ ၁၃ ဦးရှိ
၂၆.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်း-ကမ္ဘောဒီးယား အိမ်နီးချင်းနှစ်နိုင်ငံ၏ နယ်စပ်တိုက်ခိုက်မှုများက တတိယမြောက်နေ့အဖြစ် ဘန်ချမ်ရက်ခရိုင်တွင် တိုက်ပွဲများ ဇူလိုင် ၂၆ ရက် နံနက်အစောပိုင်းက ဆက်လက်ဖြစ်ပွားနေကြကြောင်း သိရသည်။
ထိုင်း Trat Marine Task Force မရိန်းတပ်ဖွဲ့၊ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ ထိုင်းပိုင်နက်အတွင်းရှိ နေရာသုံးခုကို နံနက် ၅ နာရီ ၁၀ မိနစ်တွင် ချင်းနင်းဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်းတော်ဝင်ရေတပ်က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့များ တပ်စွဲထားသည့် စခန်းများကို နံနက် ၅ နာရီ မိနစ် ၄၀ တွင် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းလည်း ပြောခဲ့သည်။ မရိန်းတပ်ဖွဲ့များနှင့်တိုက်ခိုက်အပြီး ထိုင်းရေတပ်ကလည်း စစ်ဆင်ရေးကို အထောက်အပံ့ပြုရန် ကင်းလှည့်ရေယာဉ်လေးစင်းကို ဖြန့်ကြုက်ချထားကြောင်း လည်း သိရသည်။
ချန်သာဘူရီနှင့် ထရတ်(Trat) နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ်များက ထရတ်နှင့် ချန်သာဘူရီ ပြည်နယ်များတွင် စစ်အုပ်ချုပ်ရေး သက်တမ်းကို ဇူလိုင်လ ၂၅ ရက်က တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၄ ရက်တွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ ထိုင်းဘက်မှ စစ်သားခြောက်ဦး အပါအဝင် သေဆုံးသူ ၁၉ ဦးရှိပြီး လူ ၆၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကမ္ဘောဒီးယားဘက်ကလည်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၃ ဦးရှိကြောင်း ပြောခဲ့သည်။
အိမ်နီးချင်းနှစ်နိုင်ငံအကြား ကာလကြာရှည်တင်းမာနေမှုများက ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း အဆိုးရွားဆုံး နယ်စပ်တိုက်ခိုက်မှုများကို ဇူလိုင်လ ၂၄ ရက်တွင် ဖြစ်စေခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံစလုံးက ၎င်းတို့တပ်ဖွဲ့များအနေနှင့် ၎င်းတို့၏နိုင်ငံများကာကွယ်ရေးကိုသာလုပ်ဆောင်နေကြသည်ဟု အခိုင်အမာ ပြောခဲ့ကြသည်။
Ref- Bangkok Post



