၂၄. ၇. ၂၀၂၅
Written by Nay Moe
စေတုတ္တရာမြို့နယ်၌ PDF များက Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ လေးဦး သေဆုံးကာ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီထိ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ကူတော်ကျေးရွာအတွင်းသို့ PDF များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးနီရဲ (၇၂) နှစ်၊ ဦးဘိုးငို (၆၆) နှစ်၊ ဦးထက်လင်း (၂၉) နှစ်နှင့် ဒေါ်အေးအေးသင်း (၄၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသောင်းရွှေ (၇၈) နှစ်၊ ဒေါ်နှောင်း (၆၆) နှစ်၊ မောင်အောင်ချမ်းမြေ့ (၁၉) နှစ်၊ ဦးဖိုးငို (၇၆) နှစ်နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးရဲဝင်းအောင် (၃၇) နှစ်၊ ဦးထွန်းမြတ်နိုင် (၅၀) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ငဖဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာ ဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။





