၂၄.၇.၂၀၂၅
Written By Thandar
Nadi Moe Film Production က နာမည်ကြီးဝတ္ထုကို ဒရာမာဇာတ်လမ်းပုံစံ အကောင်အထည်ဖော်ထားတဲ့ “ပေတစ်ရာဆီလျှောက်ပါလို့” ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေးပွဲနဲ့ စတင်ရိုက်ကူးခြင်းအခမ်းအနားကို ယနေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ My Garden မှာကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက ရွှေအမြုတေ မဂ္ဂဇင်းထဲက ဖတ်ရတာပေါ့နော်။ ပေတစ်ရာဆီလျှောက်ပါလို့ လင်ပျောက်ကိုတဲ့ရှာလိုက်ချင် မူရင်းဝတ္ထုဆိုတော့ ဆရာဦးဝင်းငြိမ်းကိုဆက်သွယ်ပြီး ဝယ်ဖြစ်ခဲ့တာပါ။ ဆရာကြီးကလည်း ကွယ်လွန်ခြင်းနှစ်ပတ်လည်လေးမှာ ကမ်းလှမ်းတော့ သူ့မိသားစုကလည်း ဝမ်းသာဝမ်းနည်းလည်းဖြစ်ခဲ့ရတယ်ဆိုတော့ ရိုက်ဖြစ်ခဲ့တာပါ။ ဒီဇာတ်က ကျွန်တော်တစ်ခါမှ မရိုက်ဖူးသေးတဲ့ဇာတ်ပါ။ ဒီမှာ ရိုက်လေ့ရိုက်ထမရှိတဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်တွေအနေနဲ့ အမြင်ဆန်းစေမယ့် ဒရာမာဇာတ်ကားပါ”လို့ ဒါရိုက်တာ အကယ်ဒမီမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောပါတယ်။
အဆိုပါဇာတ်ကားက မွန်းဇူး (ကျောက်ဆည်)ရဲ့ ဝတ္ထုကို ဇာတ်ညွှန်းဇော်မျိုးသိန်း၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က လာမယ့် ဇူလိုင် ၂၆ ရက်နေ့မှာ ရန်ကုန်မြို့နဲ့ သန်လျင်ဘက်တို့မှာ ဒရာမာဇာတ်လမ်းပုံစံ ၂၀၁၀ ပြည့်ဝန်းကျင်ဇာတ်အိမ်လို ပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ ခေးဆက်သွင်၊ အကယ်ဒမီမျိုးသန္တာထွန်း၊ အထူးဧည့်သည် သရုပ်ဆောင် ဖူးစုံနဲ့ ဝေလာရီ၊ ဆင်မ၊ ဆန်းမင်းဟိန်းထွဋ်၊ လှိုင်ဘွား၊ မေမြန်မာ၊ တံတျာလင်း၊ နန်းခမ်းဝါ၊ ရွှေမိုး၊ မျိုးမျိုး၊ ခင်မော်လွင်နဲ့ အနုပညာရှင်ပေါင်းများစွာပါဝင်ကြမှာဖြစ်ပါတယ်။
#Tryon #KhaySettThwin #တိုင်ရွန် #ခေးဆက်သွင် #မျိုးသန္တာထွန်း #ဒါရိုက်တာမောင်မျိုးမင်း #ရင်တွင်းဖြစ် #ပေတစ်ရာဆီလျှောက်ပါလို #NadiMoeFilmProduction










