နေမိုး
၂၃. ၇. ၂၀၂၅
ပြည်ပနိုင်ငံ ထောက်ကူမှုတွေပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မြို့များစွာ လက်လွှတ်ခဲ့ရပေမဲ့ တပ်မတော်က PDF နဲ့ လက်နက်ကိုင်တွေ လက်အောက် ကျရောက်နေတဲ့ မြို့တွေကို ဆက်တိုက်ပြန်လည်သိမ်းယူနေရာမှာ ဒီလထဲမှာပဲ ၁၅ ရက်တာကာလအတွင်း တတိယမြောက်မြို့သိမ်းယူမှုအဖြစ် သပိတ်ကျင်းမြို့ကို ပြန်လည် တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ပါတယ်။

တပ်မတော်ဟာ ကယားလက်နက်ကိုင် KNDF နဲ့ PDF တွေ သုံးနှစ်ကျော်တိုက်ခိုက်ပြီး တစ်နှစ်ကျော် သိမ်းယူထားတဲ့ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာလည်း နောင်ချိုမြို့ကို သိမ်းယူ ကြီးစိုးထားတဲ့ TNLA, DPLA နဲ့ MDY PDF တို့ကို နောင်ချိုမြို့က ပြန်လည်တိုက်ထုတ် သိမ်းပိုက်ခဲ့ပါတယ်။

နောင်ချိုအောင်ပွဲ ထုတ်ပြန်ပြီးလို့ ခြောက်ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှာပဲ သပိတ်ကျင်းမြို့ကို သိမ်းယူထားတဲ့ NUG ရဲ့ PDF တွေ TNLA အပြင် MDY PDF တို့ဟာ တပ်မတော်ရဲ့ ထိုးစစ်ကို မခံနိုင်ဘဲ အကုန်ထွက်ပြေးကြလို့ တပ်မတော်က ၁၅ ရက်အတွင်း မြို့သုံးမြို့ဆက်တိုက် သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

သပိတ်ကျင်းမြို့ကို ၂၀၂၄ ဩဂုတ်လမှာ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲမှုနဲ့
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-(PLA)၊ တအာင်းလွတ်မြောက်ရေး တပ်မတော်-(TNLA)၊ ပြည်သူ့ကာကွယ်ရေတပ်မတော်-မန္တလေး (MDY PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ အမှတ် (၁၂၂၂) တပ်ရင်း၊ မိုးကုတ်(ပကဖ)၊ မိုးကုတ်ဗျူဟာတို့က PDF ထောင်ချီ စုပေါင်းတိုက်ခိုက်သိမ်းယူခဲ့ပြီး ဒေသတွင်းက ရွှေတွင်းတွေကို ဒီလက်နက်ကိုင်တွေ ချုပ်ကိုင်ခဲ့ပေမဲ့လည်း ဇူလိုင် ၂၂ ရက်မှာတော့ တပ်မတော်ရဲ့ ထိုးစစ်ကို မခံနိုင်တော့တဲ့အဆုံး ထွက်ပြေးကုန်ကြလို့ မြို့သိမ်းနိုင်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ရှင်းလင်းရေးလုပ်ဆောင်ကာ မြို့သိမ်းတိုက်ပွဲ လက်စသပ်ခဲ့တာပါ။

တပ်မတော်ဟာ မြို့သုံးမြို့ဆက်တိုက်သိမ်းပွဲထဲက မိုးဗြဲနဲ့နောင်ချိုမှာ PDF/လက်နက်ကိုင်အလောင်းတင် ၁၉၀ ကျော် ရခဲ့တဲ့အပြင် လက်နက်ခဲယမ်းများစွာလည်း သိမ်းယူနိုင်ခဲ့ပေမဲ့ PKPF ထုတ်ပြန်ချက်နဲ့ အလောင်းပြန်ဆွဲသွားတဲ့ဖြစ်စဥ်တွေကြောင့် ဒီတိုက်ပွဲနှစ်ခုမှာ PDF နဲ့ အကြမ်းဖက် လက်နက်ကိုင်တွေ ၅၀၀ နဲ့ ၁၀၀၀ အကြား သေဆုံးကုန်ကြဖွယ်လည်း ရှိနေခဲ့တာပါ။
