၂၃. ၇. ၂၀၂၅
Written by Nay Moe
နေအိမ်တွင်ရှိနေသည့်အမျိုးသားကို PDF ခြောက်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးရာမှ ပစ်ခတ်သည့်ဗုံးက ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသူ သေဆုံးသွားခဲ့ရမှု တောင်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးအောင်ကျော်ဟိန်း (၅၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ နေအိမ်ရှေ့သို့ လက်လုပ်ဗုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးအောင်ကျော်ဟိန်းတွင် ဗုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
