၂၃.၇.၂၀၂၅
Written By Thandar
Mahar Original Series ဖြစ်တဲ့ Horror Drama ဇာတ်လမ်းပုံစံ “ဒိုးတူပေါင်ဖက်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီကားမှာ သရုပ်ဆောင်တွေက များတယ်ဆိုပေမယ့် ဇာတ်ဝင်ခန်းကဏ္ဍမှာ သူ့ဟာနဲ့သူမို့ တော်တော်လေးကောင်းပါတယ်။ သူ့အပိုင်းလေးနဲ့ သူဆိုတော့လေ။ Horror နဲ့ Drama လည်းပါတယ်။ Comedy လေးလည်းပါပါတယ်။ ဇာတ်ကားရဲ့ တစ်ခန်းစီမို့ မြင်ဖူးနေကြဇာတ်လမ်းမျိုးတော့ မဟုတ်ပါဘူး။ ဝိညာဉ်တွေရောဆိုတော့ အပိုင်းကတော့ ၂၀ ရှိပါတယ်။ ဒိုးတူပေါင်ဖက် စုံတွဲတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲပါ”လို့ သရုပ်ဆောင် ဘေးဘေးက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း ညမွှေးပန်း၊ ဇာတ်ညွှန်း ငွေစင်သွန်းနဲ့ သက်အိမ်မှူးတို့က ရေးသားပြီးတော့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက Horror Drama ဇာတ်လမ်းပုံစံ လာမယ့် ဇူလိုင် ၂၅ ရက်မှာ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးပုံဖော်သွားမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် ကျော်ထက်ဇော်၊ ဟိန်းသစ်စ၊ မျိုးကိုကျော်၊ Kai၊ ဇွဲ၊ ထူးနိုင်လင်း၊ ဝီလျှံမင်းမြတ်၊ ဝေလာရီ၊ ခြူးစစ်ဟန်၊ မိုးပွင့်ဖြူ၊ ဇွဲရတီ၊ တာတာ၊ ဘေးဘေး၊ မိုးသဲဖြူ၊ ငြိမ်းစုဝေ၊ အကယ်ဒမီအောင်ခိုင်၊ ရဲမွန်၊ ဟန်ဆက်လူ၊ ဘိုရဲလေး၊ အကယ်ဒမီခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ သန်းသန်းစိုး၊ သုန္ဒြေဦး၊ အေးသီတာ၊ မာယုသာ၊ သိင်္ဂီမြင့်၊ ကလေး သရုပ်ဆောင် ကောင်းကင်ကိုကို၊ သားချော၊ သက်မှူးအိမ်စည်နဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
မိနစ် ၃၀ စာ အပိုင်း ၂၀ စာပါဝင်မယ့် “ ဒိုးတူပေါင်ဖက် ”ဇာတ်ကားတွဲကို မကြာခင် Mahar Application က ထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ်။
#KyawHtetZaw #WaiLarRi #Kai #BayBay #ThanThanSoe #MyanmarActor
#ဒိုးတူပေါင်ဖက်ဇာတ်ကားတွဲ #MaharApplication #MaharOriginalSeries








