၂၁.၇.၂၀၂၅
Written By Thandar
HEY Play Application ထုတ်လွှင့်မယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “ရေစက်တို့သည်လည်း တစ်ခါတစ်ရံ မဆုံဆည်းသာ”ဇာတ်လမ်းတွဲ Media Press Show ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီခွဲ က ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားကိုမပြသခင်ကတည်းက ဒီဝတ္ထုက ပရိသတ်တွေအရမ်းများခဲ့တာမို့ စပြီး ပြသဖို့ ကြေညာလိုက်ချိန်မှာ မျှော်နေတဲ့ပရိသတ်တွေ အရမ်းများတယ်။ ပါဝင်သူတစ်ယောက်ဆီရဲ့ ကာရိုက်တာတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ထားကြတယ်။ အချစ်၊ အမုန်း၊ အတ္တတွေနဲ့ အိမ်ထောင်ရေး ပဋိပက္ခတွေလို ရသစုံလင်တဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို Hey Playမှာရော MRTV-4 မှာ ပြသမယ်ဆိုတော့ ပရိသတ်ကြည့်ရှုအားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။





အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း လမင်းမိုမို၊ ဇာတ်ညွှန်း Soul of Stars တို့က ရေးသားပြီး ဒါရိုက် တာ ပြည့်ဖြိုးနိုင်(PPN)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ အေးမြတ်သူ၊ နော်ဖောအယ်ထား၊ ခန့်ကျော်၊ သွန်းကြယ်စင်၊ အကယ်ဒမီ မြင့်မြင့်ခိုင်၊ အကယ်ဒမီ မေသဥ္ဇာဦး၊ ထူးသာ၊ မင်းသူ၊ ရဲမွန်၊ ဟန်ဆက်လူ၊ အကယ်ဒမီ ခင်မို့မို့အေး၊ အေဏီဇော်နဲ့ သရုပ်ဆောင်များစွာ ပါဝင် ရိုက်ကူးထားပါတယ်။
“ရေစက်တို့သည်လည်း တစ်ခါတစ်ရံ မဆုံဆည်းသာ”ဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင် ၂၅ ရက်နေ့ကစတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application၊ HEY Play YouTube Channel နဲ့ MRTV-4 ရုပ်သံလိုင်းတို့မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
