၂၁ .၇. ၂၀၂၅
Written by Hey Mar
အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲပေးနေတဲ့ နှစ်ထပ်သင်္ဘောတစ်စီး ဆိပ်ခံဘောတံတားမှာ ကမ်းကပ်ရပ်ထားစဉ် နစ်မြုပ်မှု ဒီနေ့ ၂၁ ရက်နေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို၊ ကမ်းနားလမ်းရှိ ထားဝယ်ဆိပ်ခံဘောတံတားမှာ ဖြစ်ပွားခဲ့တယ်လို ဒေသခံ တချို့ထံကနေ သိရပါတယ်။
အဆိုပါဆိပ်ခံဘောတံတားမှာရပ်နားထားတဲ့ အပျော်စီးသင်္ဘောအမည်မှာ ထီးလှိုင်ရှင် သင်္ဘောဖြစ်ပြီး ဇူလိုင် ၂၁ ရက် နံနက် ၁ နာရီ အချိန်ခန့်က နစ်မြုပ်ခဲ့တာလို သိရပါတယ်။ နစ်မြုပ်ရတဲ့ အကြောင်းရင်းက ထီးလှိုင်ရှင်သင်္ဘောမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သင်္ဘောဝမ်းဗိုက်နဲ့ ဆိပ်ကမ်းဘောတံတားတို့ တိုက်မိရာက ဆွေးနေတဲ့ နေရာတချို့က သင်္ဘောဝမ်းဗိုက်ပေါက်ကာ နစ်မြုပ်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပိုဆောင်ရေးဌာနကနေ သိရှိရပါတယ်။
သင်္ဘောနစ်မြုပ်ရာ နေရာကို ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နစ်မြုပ်သွားတဲ့ သင်္ဘောမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်သင်္ဘောဖြစ်ကာ သင်္ဘောကြီးအား အမြန်ဆုံးဆယ်ယူနိုင်ဖို ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။


