၂၀. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ယနေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေးသည်။

SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် လမ်းဘေးဝဲယာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအဆင့်မြှင့်တင်မှုနှင့် လူသွားစင်္ကြံ တည်ဆောက်လျက်ရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံရေးဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ရေထွက်ပေါက်များမှရေများ အလွယ်တကူစီးဆင်းသွားနိုင်ရေး စနစ်တကျတွက်ချက်၍ တည်ဆောက်သွားရန်မှာကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညောင်တုန်းလမ်းတစ်လျှောက်နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းတစ်လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိမှု၊ မော်တော်ကားလမ်း တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
