




၂၀.၇.၂၀၂၅
Written By Thandar
မြန်မာပြည်က အရည်အချင်းရှိတဲ့ အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိစေတဲ့ Mister Myanmar 2025 Grand Final ပြိုင်ပွဲကြီးကို ယနေ့ ဇူလိုင် ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ Eravati Sule Hotel မှာ ကျင်းပခဲ့ရာ Winner ဆု၊ သိန်း ၃၀၀၀ တန်ဖိုးရှိ မိုးကုတ်ပတ္တမြားတွေနဲ့ စီခြယ်ထားတဲ့ Crown ကို ခါးနံပါတ် No.4 ရာဇာထက်အောင်က ဆွတ်ခူးရရှိခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ရင်ခုန်သံက စင်ပေါ်မှာနေတဲ့အချိန်မှာလည်း ခန္ဓာတွေမှာ တုန်နေတာပါ။ ဒီဆုရမယ့်လို့လည်း မျှော်မှန်းမထားပါဘူး။ ပြည်ပကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာမို့ အများကြီး ဆက်လက်ကြိုးစားသွားပါမယ်”လို့ Mister Myanmar 2025 Winner ဆုရှင် ရာဇာထက်အောင်က ပြောပါတယ်။
အဆိုပါပြိုင်ပွဲမှာ နာမည်ကြီး Judge တွေအနေနဲ့ ဟန်သီ၊ စိုင်းစည်တွမ်ခမ်း၊ စည်သူဝင်း၊ ဟင်နရီ၊ မိတ်ကပ်မကြီးစန်း၊ မိတ်ကပ်မမသု (ညီညီမောင်စမ်းချောင်း)၊ Mister International 2024 Winner ၊ ဒီဇိုင်နာပြည့်စိုးအောင်၊ဒါရိုက်တာ သီတာလင်း စတဲ့နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်တွေပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီပြိုင်ပွဲမှာတော့ Top 20 စာရင်းဝင်အလှမောင်တွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Tilte Award ဆုတွေ အသီးသီးပေးအပ်ခဲ့ကာ Top 12 ကို ပထမအဆင့်ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီနောက် Top 6 ကိုဆက်လက်ရွေးချယ်ခဲ့ပြီး Dr Face Brand Model 2025 ဆုကို ခါးနံပါတ် No.8 မင်းခန့်ဝင်း၊ 4th Runner Up ဆုကို ခါးနံပါတ် No.13 Koe၊ 3rd Runner Upဆုကို ခါးနံပါတ်No.14 Lum Tu Arsin ၊ 2nd Runner Upဆုကို ခါးနံပတ် No.18 သက်ဝေကို၊ 1st Runner Up ဆုကို ခါးနံပတ် No.19 Rico Htut ၊ Mister Myanmar 2025 Winner ဆုကို ခါးနံပါတ် No.4 ရာဇာထက်အောင်တို့က ဆုတွေရရှိခဲ့ကြပါတယ်။
Mister Myanmar 2025 Winner ဆုသိန်း ၃၀၀၀ တန်ဖိုးရှိ မိုးကုတ်ပတ္တမြားတွေနဲ့ စီခြယ်ထားတဲ့ Crown ကို ရာဇာထက်အောင်က ဆွတ်ခူးရရှိခဲ့ပါတယ်။
အလှမောင် ရာဇာထက်အောင်က မကြာခင် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Mister International 2025 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်သလို 1st Runner Up ဆုရှင်နဲ့ 2nd Runner Up ဆုရှင်တွေကလည်း ပြည်ပနိုင်ငံတွေကို သွားရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။
