၁၈. ၇. ၂၀၂၅
Written by Thandar
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ကြီးမှူးဖွင့်လှစ်တဲ့ သတင်းစာပညာသိမှတ်ဖွယ်ရာများသင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရန်ကုန်ရုံး)ရွှေဥဒေါင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။
“သတင်းမီဒီယာက စတုတ္ထမဏ္ဍိုင်ဖြစ်တာနဲ့အညီ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်ခဲ့သလို သတင်းမီဒီယာတွေအတွက် သတင်းဆုတွေကို ရွေးချယ်ပေးအပ်ခြင်းတွေလုပ်ဆောင်ခဲ့ပါတယ်။ သက်ကြီးသတင်းစာပညာရှင်တွေကိုလည်း ဂါဝရပူဇော်ပွဲတွေကျင်းပခဲ့ဝာာတွေ ရှိခဲ့ပါတယ်။ ခုသင်တန်းမှာလည်း လူငယ်တွေ သတင်းစာပညာရပ်တွေ Digital ပညာရပ်တွေလည်း မျှဝေသင်ကြားပေးခဲ့ပါတယ်။ သတင်းဌာနပေါင်း ၄၀ ကျော် ကိုယ်စားပြုတဲ့ လူငယ် မီဒီယာသမားတွေ ပါဝင်တက်ရောက်ခဲ့လို့ ဝမ်းမြောက်စွာကြိုဆိုပါတယ်။ သတင်းပညာတွေကို မှတ်တမ်းတင်ခြင်း၊ သတင်းအချက် အလက်တွေကို ခွဲခြမ်းစိပ်ဖြာခြင်း၊ ဖြန့်ဝေခြင်းအစရှိတဲ့ ရုပ်သံဒီဇိုင်းစတာတွေကို တာဝန်ယူမှုရှိတဲ့ Internet Media ရုပ်သံမီဒီယာတွေ အရေးပါတဲ့အရာတွေပါ။ သတင်းမီဒီယာတွေဆိုတာက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ နည်းလမ်းမှန်အောင်ဆောင်ရွက်ကြဖို့ပြောကြားလို့ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်က ပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြန်မာ နိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးက မုဒိတာစကား ပြောကြားခဲ့ပါတယ်။
ယနေ့သင်တန်ဆင်းသူ ၄၈ ဦးရှိခဲ့တာဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာတော့ သတင်းစာပညာသိမှတ်ဖွယ်ရာများသင်တန်းအပတ်စဉ် (၂)ကို ဆက်လက်ဖွင့်လှစ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။
#မြန်မာနိုင်ငံသတင်းစာဆရာများအသင်း #သတင်းစာပညာသိမှတ်ဖွယ်ရာများသင်တန်း #UHtayAung #UMyatKhine #mja #MJA
