MT News
၁၈. ၇. ၂၀၂၅
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒသမ ၇ အဆင့်ဖြင့် ဖျက်အားပြင်းငလျင်ကြီး လှုတ်ခပ်မှု လေးလပြည့်ရန် ဆယ်ရက်အလို ယနေ့တွင် နောက်ဆက်တွဲလှုပ်ခတ်မှု အကြိမ် ၂၁၀ မြောက်အဖြစ် ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ ပြင်းအားမြင့်ငလျင် လှုပ်ခတ်သွားခဲ့သည်။
ယနေ့ နေ့လယ် ၄ နာရီ ၈ စက္ကန့်အချိန်ခန့်ပ မတ္တရာမြို့၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ ဗဟိုပြု၍ အနက် ၁၈ ကီလိုမီတာ ( ၁၁ ဒသမ ၂ မိုင်) မှ ပြင်းအား ၅ ဒသမ ၅ ရစ်ချ်တာစကေးဖြင့် လှုပ်ခတ်သွားသော ထိုငလျင်မှာ မတ်လ ၂၉ ရက်နောက်ပိုင်း အားအပြင်းဆုံး ငလျင်လှုပ်ခတ်မှုလည်းဖြစ်ခဲ့သည်။
ယနေ့လှုပ်ခတ်သည့် ပြင်းအားများငလျင်ဒဏ်ကို မတ္တရာ၊ ရွှေဘို၊ ပြင်ဦးလွင်၊ ရေဦး၊ တောင်ကြီး၊ လားရှိုး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မိတ္ထီလာ စသည့်နေရာများမှလည်း သိသိသာသာ ခံစားလိုက်ရသည်။
“ငလျင်က အသံမြည်ပြီးလာတာပါ။ နှစ်ချက်ဆင့်ပြီး လှုပ်သွားတာ။ လူတွေကတော့ ငလျင်လှုပ်ပြီဆို လမ်းပေါ်ပြေးထွက်ရတာကို ကျင့်သားရနေပါပြီ”ဟု မန္တလေးမြို့ခံတစ်ဦးကလည်းဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် နံနက် ၃ နာရီ ၂၇ မိနစ် ၃၉ စက္ကန့်ကလည်း မန္တလေးငလျင်ကြီး၏နောက်ဆက်တွဲ ၂၀၅ ကြိမ်မြောက်အဖြစ် ရစ်ချ်တာစကေး ၄ ဒသမ ၉ ရှိ ပြင်းအားများငလျင် ပြည်ကြီးတံခွန်အနီးကို အနက် ၆ မိုင်ကျော်အား ဗဟိုပြုလှုပ်ခတ်သဖြင့် ပြည်သူများ ထိတ်လန့်တကြားဖြစ်ကာ မိုးလင်းသည့်အထိ လမ်းပေါ်နေခဲ့ရသော ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။
ပုံစာ။ ယနေ့ လှုပ်ခတ်သော ငလျင်ကြောင့် လမ်းပေါ်နေနေရသော မန္တလေးပြည်သူများ (ဓာတ်ပုံ – ကျော်ကြီး (MDY))
