MT News
၁၆. ၇. ၂၀၂၅
မိုင်းရယ်မှ မြဝတီပို့သည့် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကျိုက်ထိုမြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၈ ရက်နေ့ ည ၆ နာရီအချိန် သတင်းအရ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်း မောင်းနှင်ပြီး ကြေးမုံဝင်း၊ ကျော်မျိုးအောင် နှင့် ရွှေရည် တို့ လိုက်ပါလာသော NISSAN AD VAN မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၂,၈၃၆ ဘီလျံတန်ဖိုးရှိ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၂၂ ဒသမ ၆ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို၊ ကတ်တမင်း ၁၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့နေ ညီညီထွေး(ခ)Sun မိုင်းရယ်မှ မြဝတီမြို့နေ မျိုးဇော်ငြိမ်း ထံသို့ ပို့ဆောင်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
