Silent Strike ပြုလုပ်မည်ဟု ကြေညာထားသည့် နှစ်နှစ်ပြည့်မြင်ကွင်းနေ့ နံနက် ၁၀ နာရီနောက်ပိုင်း မြင်ကွင်း

၁. ၂. ၂၀၂၃
Written by Thi Ha

မဲမသမာမှုများ ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့မှု၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ ချိုးဖောက်မှုတို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၌ နိုင်ငံတော်အာဏာကို တပ်မတော်မှ ထိန်းယူခဲ့သည်မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ၂ နှစ်ပြည့်မြောက်ခဲ့သည်နှင့် ပတ်သတ်၍ ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၏ သဘောထားထုတ်ပြန်ချက်ကို ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ချက်တွင် အာဏာထိန်းသိမ်းမှု ဖြစ်စဥ် ၂ နှစ်တာကာလအတွင်း လက်ရှိ SAC အစိုးရနှင့် CRPH နင့် NUG ၏ PDF အဖွဲဝင်များ ထိတွေ့ တိုက်ပွဲများ တရပ်စပ်ဖြစ်ပွားနေပြီး ပြည်တွင်းစစ်မီးတောက်လောက်နေမှုအပေါ်တွင်လည်း ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်၏ သဘောထားထုတ်ပြန်ချက်တွင် အစိုးရ၏ တိုက်ခိုက်မှုများ ဆက်လက် တိုးမြင့်လာခြင်းနှင့် မြန်မာနိုင်ငံတဝှမ်း ကာလရှည်ကြာ ပဋိပက္ခများအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အကျိုးဆက် သက်ရောက်မှုများ ရှိနေသည်ဟု ဆိုသည်။

အာဏာထိန်းသိမ်းမှုဖြစ်စဥ်ကပင် လူဦးရေ ၁၇ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိပြီး ၁ ဒသမ၂ သန်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ တပ်ကြောင့် အတင်းအကျပ်ရွှေ့ပြောင်းခံခဲ့ရသည့် ဘင်္ဂါလီဒုက္ခသည်(မူရင်း ရိုဟင်ဂျာ) တစ်သန်းကျော်မှာလည်း ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂအနေနှင့် လိင်နှင့် ကျား-မအခြေပြု အကြမ်းဖက်မှု၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းထောက်များကို နှိပ်စက်ညှဉ်းပန်းမှု၊ အရပ်သားများကို တိုက်ခိုက်မှုများ၊ ကလေးသူငယ်များနှင့် နိုင်ငံတဝှမ်းရှိ လူမျိုးရေး၊ ဘာသာရေး လူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် ကျောင်းများနှင့် ဆေးရုံများအပါအဝင် မကြာသေးမီက အရပ်သားပစ်မှတ်များပါ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းထန်ဆုံး ရှုတ်ချကြောင်းနှင့် ထိုလုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပြီး ဥရောပသမဂ္ဂအနေဖြင့် တပ်သို့ စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်စေရန်အတွက် လက်နက်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ၏ ကြိုတင်ကာကွယ်မှု လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ရန် ထပ်မံတောင်းဆိုထားသည်။

ဥရောပ သမဂ္ဂအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော အတိုက်အခံများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအပေါ် နိုင်ငံရေးလှုံ့ ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းများသည် လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း၊ SACအစိုးရမှ ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ဒီမိုကရက်တစ် အတိုက်အခံအားလုံးကို အမြစ်ပြတ် ချေမှုန်းလိုသည့် သဘောဆန္ဒကို ပြသနေကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ နှင့် နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းချုပ်ခံထားသူများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးသင့်ကြောင်း၊ ဇူလိုင် ၂၅ ရက် ၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦးအပါအဝင် လှိုင်သာယာမှ တစ်ဦးတည်းနေထိုင်သူ အမျိုးသမီးငယ်အား ဒလန်ဟု စွပ်စွဲကာ ပိတ်လှောင် သတ်ဖြတ် ပစ္စည်းလုယက်ခဲ့သည့် ပြစ်မှုကျူးလွန်သူ ၂ဦးအား ကွပ်မျက်မှု ဖြစ်စဥ်တွင်လည်း ဒီမိုကရေစီလိုလားသူ အတိုက်အခံ ခေါင်းဆောင်များကို ကွပ်မျက်စီရင်မှု ‌လေးမှုသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်းဟု ဖော်ပြထားပြီး ဥရောပသမဂ္ဂအနေနှင့် သေဒဏ်ပေးမှုကို အသက်ရှင်သန် နေထိုင်ခွင့်ကို ချိုးဖောက်သည့် ပြင်းထန်ရက်စက်ပြီး လူမဆန်သည့် ပြစ်ဒဏ်အဖြစ် လုံးဝဆန့်ကျင်သည်ဟု ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေရန် အာဆီယံနှင့် ကုလသမဂ္ဂ၏ ကူညီ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပြီး မြန်မာနိုင်ငံဆိုင်ရာအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အတည်ပြုလက်ခံမှုကို ကြိုဆိုသည်။ မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် အီးယူ – အာဆီယံ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများတွင် ထပ်လောင်းပြောကြားခဲ့သည့်အတိုင်း အာဆီယံ၏ သဘောတူညီမှု ငါးရပ်ကို သစ္စာရှိရှိ မြန်မြန်ဆန်ဆန် အကောင်အထည်သင့်ပါကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

NUG၊ CRPH၊ NUCC၊ နိုင်ငံ‌ရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ဘာသာရေးနှင့် လူနည်းစုခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့များနှင့် မြန်မာနိုင်ငံရှိ တခြားသောသက်ဆိုင်သူများပါဝင်သည့် အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဥ် တစ်ရပ်မှသာလျှင် နိုင်ငံအတွင်း နှစ်ရှည်လများဖြစ်ပေါ်လျက်ရှိသည့် အကျပ်အတည်းမှ လွတ်မြောက်နိုင်စေရန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် ထင်ဟပ်စေမည့် အဓိပ္ပာယ်ပြည့်ဝသော ဒီမိုကရေစီ လုပ်ငန်းစဉ်အတွက် လမ်းကြောင်းကို ဦးတည်စေနိုင်ကြောင်းလည်း ဥရောပသမဂ္ဂမှ ယင်း၏ထုတ်ပြန်ချက်တွင် သုံးသပ်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အခြေအနေများ လျင်မြန်စွာ တိုးတက်မှု မရှိချိန်တွင် ဥရောပသမဂ္ဂသည် တိုက်ရိုက်တာဝန်ရှိသူများနှင့် ဒီမိုကရေစီစနစ် ပျက်ပြားမှုနှင့် တိုင်းပြည်တွင်း ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွန်းအားပေးနေသူများကို ဆန့်ကျင်သည့် နောက်ထပ် တင်းကျပ်သည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် အသင့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News