ဓာတ်ပုံ မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်း

၁. ၂. ၂၀၂၃
Written by Nyein Kyaw

ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်မြို့၊ ကန်ရိပ်သာလမ်း၌ ယာဥ်တိုက်ပြေးမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့၍ သေဆုံးသူမိသားစုများနှင့် လက်ရှိအချိန်အထိ ဆက်သွယ်၍မရသေးကြောင်း သိရသည်။

“ပိုင်ရှင်နဲ့ ဆက်သွယ်လို့မရသေးဘူး။ အစ်မတို့လည်းပြောထားတယ် အခုထိ ဘယ်သူမှ ပြန်မဆက်သွယ်သေးဘူး။ အခုက ရန်ကုန်ဆေးရုံကြီးမှာပဲ။ ဘာကားနဲ့ဆိုတာတော့ အစ်မတို့သေချာမသိလိုက်ဘူး။ ယာဥ်ထိန်းရဲအကြောင်းကြားတော့ အစ်မတို့လည်းသွားကူညီရတာ” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းက MT News သို့ ပြောသည်။

လက်ရှိအချိန်တွင် သေဆုံးသူအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ၎င်း၏ မိသားစုဝင်များကို ဆက်သွယ်၍မရရှိသေးသည့်အတွက် အဆက်အသွယ်ရနိုင်ရန်အတွက် မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News