နေမိုး
၁၄. ၇. ၂၀၂၅
ယခုနှစ်ခြောက်လအတွင်း PDF ၅၄၄ ဦး သေဆုံး၍ တစ်နေ့ပျမ်းမျှ သုံးဦးအထက် သေဆုံးနေသည်ဟု Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး PDF များက နယ်မြေလုယက်ကြီးစိုးထားကာ နိုင်ငံပိုင်သယံဇာတများ ထုတ်ယူထားသည့်နေရာများကို နယ်မြေပြန်လည်သိမ်းဆည်းမှုများလုပ်ဆောင်ရန် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှု၊ စက်တပ်လေထီးဖြင့် တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးရှင်းလင်းမှုများလုပ်ဆောင်ခဲ့သဖြင့် PDF ၅၄၄ ဦး သေဆုံးရခြင်းဖြစ်သည်ဟုဆိုသည်။
သို့သော် ထိုသို့ PDF ၅၄၄ ဦးသေဆုံးခဲ့ရသည်ဟုဆိုသော်လည်း NUG နှင့် PDF များဘက်ကမူ PDF သေဆုံးမှု အနည်းစုကိုသာ ထုတ်ပြန်ခဲ့သဖြင့် Spring Revolution Database ၏ ထုတ်ပြန်ချက် မည်မျှ မှန်မည် မမှန်မည်ကို MT News က မြေပြင်အတည်မပြုနိုင်ချေ။

