◾ သေဆုံးသူသားအဖနှစ်ဦးထဲတွင် သမီးဖြစ်သူမှာ Gradr – 11 တက်ရောက်နေသူဖြစ်
၁၃.၇.၂၀၂၅
Written By Zun
မိသားစုလိုက် ဓားထိုးခံရ၍ သားအဖနှစ်ဦးသေဆုံးပြီး မိခင် ဒဏ်ရာအပြင်းအထန်ရမှု ယမန်နေ့ ဇူလိုင်လ ၁၂ ရက် ညပိုင်းက ကရင် ပြည်နယ်၊ ဘားအံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ရေကျော်၊ အောင်မင်္ဂလာလမ်းအတွင်း နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသားအဖနှစ်ဦးထဲတွင် သမီးဖြစ်သူမှာ Grade – 11 တက်ရောက်နေသူဖြစ်ပြီး ရုပ်အလောင်းများကို ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၃ နာရီခွဲခန့်အချိန်တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) ၏ အသင်းပိုင်ယာဉ်ဖြင့် ဘားအံ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

”ကျွန်တော်တို့ကို သက်ဆိုင်ရာက ခေါ်တဲ့အချိန်က ဒီနေ့မနက် ၃ နာရီခွဲလောက်ပေါ့။ အဲဒီအချိန်မှ အလောင်းတွေကို ဆေးရုံပို့ရတာ။ မိသားစု ၃ ယောက်ထဲက မိခင်ကိုတော့ တခြားကားနဲ့ ဆေးရုံပို့ထားပြီးပြီလို့သိရတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။ အခု သတ်တဲ့တရားခံကိုလည်း ဖမ်းထားပြီတဲ့။ ဒီထက်တော့ ပိုမသိရသေးပါဘူး” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၏ အသင်းသားတစ်ဦးက MT News ကိုပြောသည်။
ဓာတ်ပုံ – H R
