၁၃. ၇. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ရနောင်းမြို့က ရနောင်းစျေးဝယ်စင်တာထဲမှာရှိတဲ့ ရွှေဆိုင်ကို တစ်ဦးတည်း ဝင်လုယက်ခိုးယူထွက်ပြေးသူ ထိုင်းနိုင်ငံသားတစ်ဦးကို ဆိုင်ဝန်ထမ်းက လိုက်လံဖမ်းဆီးရာမှာ ဖြစ်စဥ်နေရာအနီးတင် ဖမ်းမိခဲ့ပါတယ်။
ဖြစ်စဥ်က မနေ့က စနေနေ့ ညနေပိုင်းမှာ ရနောင်းဈေးဝယ်စင်တာမှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကို အသက် ၃၅ နှစ်အရွယ် အလုပ်လက်မဲ့ အမျိုးသားတစ်ဦး ရောက်လာပြီး ဘတ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅,၄၃၅) တန်ဖိုးတန်ဖိုးရှိ ရွှေဆွဲကြိုး ၈ ကုံးကို လုယက် ခိုးယူသွားခဲ့တာပါ။

CCTV မှတ်တမ်းအရ ဇူလိုင် ၁၂ ရက် ည ၇ နာရီ ၂၇ မိနစ်အချိန် ရနောင်းစျေးဝယ်စင်တာက ရွှေဆိုင်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဆိုင်သိမ်းဖို့ပြင်နေပြီး အမျိုးသမီးတစ်ဦးက ဆိုင်အဝမှာ ကလေးငယ်နဲ့ ရှိနေချိန် ဘောင်းဘီအနက်နဲ့ ခေါင်းစွပ်အင်္ကျီအဖြူဝတ် အမျိုးသားက ကောင်တာပေါ်တင်ထားတဲ့ ရွှေဆွဲကြိုးပုံကို လုယူထွက်ပြေးချိန် ဆိုင်ဝက အမျိုးသမီးက လှမ်းဆွဲဖမ်းခဲ့သလို ဝန်ထမ်းအမျိုးသားကလည်း သူခိုးနောက်ကို မီတာ ၉၀ အထိ လိုက်လံဖမ်းဆီးခဲ့ပြီးနောက် မြေပေါ် လှဲချဖမ်းဆီးခဲ့ပါတယ်။
သူခိုးဟာ ထရန်းပြည်နယ်က ပြောင်းရွှေ့လာသူဖြစ်ပြီး အရင်ကလည်း သူဟာ လိမ်လည်မှုတွေ ရွှေခိုးမှုတွေ ကျူးလွန်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရဖူးသူဖြစ်ပြီး လက်ရှိမှာတော့ ကျူးလွန်သူကို ဥပဒေအရ ဆက်လက် ဆောင်ရွက်နေပါတယ်။
