




၁၂.၇.၂၀၂၅
Written By Thandar
Mahar Application ရဲ့ ချစ်ခြင်းနဲ့ယှဉ်ပြိုင်မှုတွေကြား လောင်ရမယ့် “ငါ ဘုရင်မ ”ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“သျှင်မရဲ့ ဝတ္ထုကလည်း နှစ်အုပ်တွဲဆိုတော့ မဝယ်ခဲ့ဘူး။ မဟာက ကမ်းလှမ်းချိန်မှာ ငါဘုရင်မကို ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ပေးဖို့လာကမ်းလှမ်းကြလို့ ရိုက်ဖြစ်သွားတာပါ။ ကိုယ်တိုင်စိတ်တိုင်းကျမှ ပရိသတ်တွေဆီ ချပြတာပါ။ ဒီကားကို ဇာတ်လမ်းတွဲရိုက်ရတာ တော်တော် အချိန်ပေးရိုက်ခဲ့ရတာပါ။ ၈ လ ၉ လထိ အချိန်ပေးပြီး လုပ်ခဲ့ရတယ်။ သရုပ်ဆောင်တွေကလည်း ကိုယ်လုပ်ရမှာကိုပဲ အာရုံထားပြီး လုပ်ကြတယ်” လို့ ဒါရိုက်တာ အကယ်ဒမီ ဝိုင်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင်ဖြစ်တဲ့ အလင်းရောင်၊ မင်းဦး၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ စိုးမိုးကြည်၊ သန်းသန်းစိုး၊ လိမ္မော်သီး၊ အခြားအနုပညာရှင်များစွာမှ တက်ရောက်ခဲ့ကြပါတယ်။





အဆိုပါ ဇာတ်လမ်းတွဲက ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ငွေစင်သွန်းနဲ့ သင်းနံ့သာ၊ ဇာတ်ညွှန်းမွမ်းမံ ညမွှေးပန်းတို့က ရေးသားပြီးတော့ ဒါရိုက်တာဝိုင်းက ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင်၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ အကယ်ဒမီမင်းဦး၊ ကျော်ဇေယျ၊ ဝေဖြိုး၊ ဟိန်းသစ်စ၊ ထူးနိုင်လင်း၊ ရဲရင့်စည်သူအောင်၊ စိုးမိုး ကြည်၊ အကယ်ဒမီ ခင်မို့မို့အေး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ငါ ဘုရင်မ ”ဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင် ၁၅ ရက်မှာ Mahar Application က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
