၁၂. ၇. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့ နယ်အတွင်းရှိ ရေဆင်းဆည်အတွင်း ငါးသယံဇာတများ တိုးပွားစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မိသားစုများက ၂၀၂၅ ခုနှစ်၊ မိုးရာသီငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်၍ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးသည်။
ယနေ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မိသားစုများ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားတွင် ၂ လက်မအရွယ် ရွှေဝါငါးချင်း ကောင်ရေ ၅,၀၀၀ ၊ ငါးမြစ်ချင်းကောင်ရေ ၄၅,၀၀၀ ၊ ငါးခုံးမကြီးကောင်ရေ ၅၀,၀၀၀ ၊ စုစုပေါင်း ငါးမျိုးကောင်ရေ ၁၀၀,၀၀၀ ကို စိုက်ထည့်ပေးနိုင်ခဲ့ပြီး ရေဆင်းဆည်အတွင်းသို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ၁၀ ကြိမ်နှင့် ယခုအကြိမ်အပါအဝင် ၁၁ ကြိမ်တွင် စုစုပေါင်း ငါးမျိုးကောင်ရေ ၈၈၅,၇၀၀ ကောင်ကို ငါးမျိုးများ စိုက်ထည့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
