
၁၂.၇.၂၀၂၅
Written By Thandar
Canal + Myanmar က Premier League ပွဲစဉ်တွေကို သုံးနှစ်ဆက်တိုက် ရာသီသုံးခုစာ ၂၀၂၅-၂၀၂၈ အထိ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တရားဝင်လိုင်စင်ရယူထုတ်လွှင့်ပြသမယ့် စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ Canal + Myanmar က သုံးစွဲသူတွေရဲ့ ပြန်ပြောလာတဲ့စကားတွေကို အစဉ်မပြတ် နားထောင်ပြီး ဘောလုံးရာသီကစပြီး မြန်မာနိုင်ငံက ဘောလုံးပရိသတ်တွေအားလုံးအတွက် တစ်ဦးတည်းမူပိုင်ခွင့်နဲ့
တရားဝင်ထုတ်လွှင့်ပြသခွင့်ရတဲ့အတွက် အလွန် ဝမ်းမြောက်မိပါတယ်။ တစ်ရာသီကို ပွဲ ၃၈၀ လုံးစာတစ်ဦးတည်းမူပိုင် ထုတ်လွှင့်ပြသခွင့်ရရှိထားတာပါ။
CANAL+သုံးစွဲသူတွေအနေနဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ၊ အကောင်းဆုံးအားကစားဖျော်ဖြေရေး အစီအစဉ်တွေအပြင် Premier League ဘော လုံးပွဲစဉ်တွေပါအဝင် အကောင်းဆုံးအားကစားပွဲတွေကိုပါ DTH,DTT, Smart TV, ဖုန်းနဲ့တက်ဘလက်တွေမှာ ခံစားကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်”လို့ Canal+ Myanmar က CEO,Mr.Cyril Le Jeune က ပြောပါတယ်။
အဆိုပါအခမ်းအနားမှာ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း၊ အင်ကြင်းဖူး၊ Ki Ki၊ ဝါရင့်အားကစားကလောင်ရှင် ထွန်းနေစိုး၊ မှူးသီဟသူတို့ကတက်ရောက်ခဲ့ပြီး AYA (Bank and Pay), Royal D စတဲ့သူတွေနဲ့ မိတ်ဖက်ပါတနာတွေနဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။





Premier League ပွဲစဉ်ပရိသတ်တွေအနေနဲ့ (၂ဝ၂၅- ၂၆) (၂ဝ၂၆ – ၂၇) နဲ့ (၂ဝ၂၇ – ၂၈) ဘောလုံးရာသီတွေအတွင်း အနုပညာရှင်တွေ အမာခံပရိသတ်တွေ ပါဝင်တဲ့ “PL Show Time အခုကြည့်” အစီအစဉ်၊ ဖူးနဲ့အတူ ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားပြီး ပရီးမီးယားလိဂ်ပရိသတ်တွေကို စူးစမ်းမေးမြန်းတဲ့ “ဖူးနဲ့လိမ့်မယ်” အစီအစဉ်၊ ဘယ်နေရာမှာမှ မတွေ့ရသေးတဲ့ အင်္ဂလန်က ဘောလုံးကွင်းထဲအထိ CANAL+ ပရိသတ်တွေကို အရောက်ခေါ်သွားမယ့် Crazy Ki Ki အစီအစဉ်တွေကို Canal + ရုပ်သံလိုင်းတွေနဲ့ Canal + App တွေမှာ ထုတ်လွှင့်ပြမှာဖြစ်ပါတယ်။
