MT News

Written by Thi Ha

မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ်အဖြစ်မှတ်တမ်းတင်ထားသည့် မြန်မာ့ဒေသရင်း “ဗွတ်ချွဲ ” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် အား ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၂ ရက်၊ (ကြာသပတေးနေ့) နံနက် ၉ နာရီ ၃၀ မိနစ် အချိန်မှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်( First Day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကာ၊ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးကြောင်း သိရသည်။

ပထမနေ့စာအိတ်( First Day Cover) ဝယ်ယူလိုသူများ အနေဖြင့် ဦးညီညီလွင် ၊ ၀၉-၄၅၀၀၀၀၂၂၆၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ။ ဦးခင်မောင်ဦး၊ ၀၉-၅၃၀၀၀၀၁၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)။ ဒေါ်နွယ်နီအောင်၊ ၀၉-၄၄၄၀၀၀၀၅၈၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး) တို့ထံသို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *