၁. ၂. ၂၀၂၃

Written by Ye Kyaw

ယူကေအစိုးရက တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီနှစ်ခုဖြစ်သည့် Asia Sun ကုမ္ပဏီလီမိတက်နှင့် Cargo Link ကုမ္ပဏီလိမိတက်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် ကြေညာခဲ့သည်။

ယခုတစ်ခေါက် ဒဏ်ခတ်ပိတ်ဆို့မှုများသည် တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဖိနှိပ်နှိမ်နင်းမှုများ ပြုလုပ်သည်ကို ကူညီပေးနေသည့် ကုမ္ပဏီများအား ပစ်မှတ်ထားအရေးယူလိုက်ခြင်းဖြစ်ကြောင်း ယူကေသံရုံးက ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှ များအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့အရေးယူခြင်းအားဖြင့် တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာ အရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်” ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောထားသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးမှာ Asia Sun Group ၏ အစိတ်အပိုင်းများဖြစ်ကာ မြန်မာနိုင်ငံ၏ လေယာဉ်ဆီကဏ္ဍကို ချုပ်ကိုင်ထားသည့် ကုမ္ပဏီများ ဖြစ်ကြပြီး မြန်မာ့လေတပ်အတွက် လေယာဉ်ဆီများ ဝယ်ယူတင်သွင်းနေကြသည့်အထဲတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News