April 27, 2024

၃၁. ၁. ၂၀၂၃
Written by Ye Kyaw

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည့် (၄၇) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဥ်လိုက် “ည” အက္ခရာအထိ စုစုပေါင်း အက္ခရာ ၁၀ လုံးတွင် ထီစာအုပ် ၄၇၄၂၈၀ အုပ်ရောင်းချခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားသည်။

ထီလက်မှတ်ရောင်းရချရငွေ ကျပ် ၄၇၄၂ ဒသမ ၈ သန်း (ကျပ် ၄ ဒသမ ၇၄၂ ဘီလျံ) ရရှိခဲ့ပြီး ယင်းငွေပမာဏ၏ ရာခိုင်နှုန်း ၇၀ ဖြစ်သော ကျပ် ၃၃၁၉ ဒသမ ၉၆ သန်း (ကျပ် ၃ ဒသမ ၃၁၉ ဘီလျံ) အား ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်သည်။

(၄၇) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၆၇ သန်းကို ပြန်လည်ချီးမြှင့်ပေးမည့် ထီဆုငွေများသည် ကျပ်သိန်းငါးထောင် (၁) ဆု၊ ကျပ်သိန်းတစ်ထောင် (၁) ဆု၊ ကျပ်သန်းငါးရာ (၃) ဆု၊ ကျပ်သိန်းနှစ်ရာ (၇)ဆု၊ ကျပ်သိန်းတစ်ရာ (၈)ဆု၊ ကျပ်သိန်းငါးဆယ် (၁၂) ဆု၊ ကျပ် ၁၀သိန်း (၁၁) ဆု အပြင် ဝေဝေဆာဆာပဒေသာဆု ၁၁၇,၀၀၀ ကျော်နှင့် ဘဏ္ဍာသိမ်းငွေ ကျပ် ၁၆၇ သန်းမှ ကျပ် ၁၀ သိန်း (၄) ဆု၊ ကျပ်သုံးသိန်း (၁၀) ဆု၊ ကျပ်နှစ်သိန်း (၃၀၀) ဆု၊ ကျပ်တစ်သိန်း (၁၀၀၀) ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ဆုမဲအရေအတွက်မှာ ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ အပေါ်အခြေခံ၍ ခွဲဝေထားခြင်းဖြစ်ပြီး ထီဖွင့်ပွဲတွင် ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ရောင်းမကုန် ထီလက်မှတ်နံပါတ်များ ထွက်ပေါ်လာပါက အဆိုပါဆုမဲ တန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သော ဆုမဲများအဖြစ် ဆုတစ်ဆုချင်းစနစ်နှင့် ဝေဝေဆာဆာပဒေသာဆုမဲများ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သဖြင့် ခွဲဝေထားသော ဆုမဲအရေအတွက် အပြောင်းလဲရှိနိုင်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *