
၈.၇.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ဒေသ အတွင်း တရုတ်နိုင်ငံနှင့်နီပေါနိုင်ငံ နယ်စပ်ဒေသ၌ ရေလွှမ်းမိုးမှုကြောင့် တရုတ်နိုင်ငံနှင့်နီပေါနိုင်ငံတို့ကို ဆက်သွယ်ထားသည့် အဓိကတံတားများ အနက် တစ်ခုဖြစ်သည့် ဘိုတီကိုရှီ မြစ်ဖြတ်တံတားမှာ ဇူလိုင်လ ၈ ရက် နံနက်အစောပိုင်းနာရီများက ကျိုးကျခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ရ ကြောင်း သိရသည်။
ရေလွှမ်းမိုးမှုကြောင့် နယ်စပ်ရှိ အိမ်များနှင့်ကားများလည်း ရေစီးတွင် မျောပါသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသအတွင်းရှိ Gyirong Port မြို့၌ ဇူလိုင်လ ၈ ရက်နံနက်က ရွှံ့မြေပြိုကျမှုတစ်ရပ်ဖြစ်ခဲ့ရာ စုစုပေါင်းလူ ၁၇ ဦးပျောက်ဆုံးနေ ကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။ Gyirong Port မြို့က တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ အနောက်တောင်ဘက် တရုတ်-နီပေါ နယ်စပ်အနီးရှိ Xigaze မြို့အတွင်း ပါဝင်တည်ရှိသည်။
ပျောက်ဆုံးနေသူ ၁၇ ဦးတွင် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် နီပေါနိုင်ငံသားဆောက်လုပ်ရေးအလုပ်သမား ခြောက်ဦးပါဝင်ကြောင်း သတင်းများအရသိရသည်။
ရွှံ့မြေပြိုကျမှုက ဇူလိုင်လ ၈ ရက် နံနက် ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဟု ဒေသအာဏာပိုင်များက ပြောခဲ့ကြသည်။
Ref- Hindustan Times
