၇.၇.၂၀၂၅
Written By Thandar
တစ်ချိန်က အောင်မြင်မှုများစွာရရှိထားခဲ့တဲ့ စာရေးဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကို ပြန်လည်ပုံဖော်ထားတဲ့ ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “ ကောင်းကင် ဘာကြောင့်ပြာ” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ဇူလိုင် ၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက တစ်ချိန်က ဆရာမလမင်းမိုမိုရဲ့ ဝတ္ထုကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်နဲ့ ပေါင်းပြီး ဒီခေတ်ပရိသတ်တွေ ကြိုက်နှစ်သက်အောင် ပြန်လည်ပုံဖော်ကြတာပါ။ သရုပ်ဆောင် ကောင်းကောင်းရွေးချယ်ရိုက်ကူးထားတာပါ။ အရင်က ကိုသားကြီး@ဒွေးနဲ့ မနန္ဒာလှိုင်တိုရဲ့ ကောင်းကင်ဘာကြောင့်ပြာ ရုပ်ရှင်ကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်တင်ဆက်တာပါ။ မပွင့်ကလည်း အကောင်းဆုံးဖန်တီးပေးထားတယ်။ လုံးဝထူးခြားမယ့် ဇာတ်လမ်းတွဲလေး ဖြစ်မယ်ဆိုတာကို ကတိပေးနိုင်ပါတယ်”လို့ ဒါရိုက်တာ မင်းသန့်မောင်မောင်က ပြောပါတယ်။
ကောင်းကင်ဘာကြောင့်ပြာက စာရေးဆရာမ လမင်းမိုမိုရဲ့ အောင်မြင်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး တစ်ချိန်က ဇာတ်ကားအနေနဲ့ မင်းသားဒွေး၊ မင်းသမီး နန္ဒာလှိုင်တို့က ပါဝင်သရုပ်ဆောင်ခဲ့တာပါ။
အဆိုပါ ဇာတ်လမ်းတွဲကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (အရုဏ်ဦး) က တာဝန်ယူ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ ရွှေရည်ရွန်းလဲ့က ရေးညွှန်းထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ ခြူးလေး၊ ရှိန်းတင်ထူး၊ မြတ်ရတနာကျော်၊ ပက်စီ၊ အကယ်ဒမီ နွဲနွဲစန်း၊ အကယ်ဒမီ ဝါဝါအောင်၊ ဝါဝါမေမောင်၊ နန်းမိုခမ်း၊ ဂွမ်းပုံကြီး၊ ကိုဇော်၊ မင်းသစ် စတဲ့ သရုပ်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။
“ကောင်းကင်ဘာကြောင့်ပြာ” ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဇူလိုင် ၁၂ ရက်နေ့စပြီး ShowLike Application ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#ThuHtooSan #SheinTinHtoo #ChueLay #MinThantMgMg #MyatYadanarKyaw
#ကောင်းကင်ဘာကြောင့်ပြာ #MyanmarCele









