၅.၇.၂၀၂၅
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးချစ်ခင်မှုကို ရရှိလာတဲ့ သရုပ်ဆောင် နေလင်းရှိန်ကတော့ ချစ်သူကောင်မလေးနဲ့ အိမ်ထောင်ပြုဖို့က သတ်မှတ်ထားတဲ့ Target မပြည့်သေးလို့ပါလို့ ဆိုပါတယ်။
“ရှေးခေတ်က အယူအဆပေါ့။ နယ်တွေ ရွာတွေမှာမြင်ခဲ့တာကို ရွှေတစ်ဆင်စာ၊ စိန်တစ်ဆင်စာ တင်တောင်းတာကို သဘောကျတယ်။ အဲလိုကြည့်ပြီးတော့လည်း အားကျတယ်။ ကျွန်တော့်အလှည့်ကျရင်လည်း ချစ်သူကို အဲလို တင်တောင်းချင်တယ်။ မြိုင်မြိုင်ဆိုင်ဆိုင်လေး သူငယ်ချင်းတွေအများကြီးနဲ့ သွားတင်တောင်းကြတယ်။ ခုကတော့ ကျွန်တော် ကြိုးစားနေတုန်းပါ။ ကျွန်တော် မိဘဆီက လက်ဖြန့်မတောင်းတာ ကြာပါပြီ။ ကိုယ်ချစ်တဲ့ သူမို့အများကြီး ဖြည့်ဆည်းပေးချင်တာပါ။ အိမ်ထောင်ရှင်ဖြစ်ဖို့က အများကြီးလို့သေးတယ်။ ကျွန်တော်ရောက်နေတဲ့ နေရာနဲ့ဆိုရင် ကိုယ့်သတ်မှတ်ထားတဲ့ Target မပြည့်သေးဘူးမို့ အိမ်ထောင်မပြုသေးပါဘူး။ အများကြီး လိုပါသေးတယ်။ ချစ်သူကောင်မလေးကတော့ ကျွန်တော်လိမ္မာလို့ သိန်းထောင်ချီတန်တဲ့ မြေကွက်လေးကို ဝယ်ပေးတာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ နေထိုင်နေကြပါတယ်”လို့ သူကဆိုပါတယ်။
နေလင်းရှိန်ကို သူရဲ့ ချစ်သူကောင်မလေးက သိန်းထောင်ချီတန်တဲ့ မြေကွက်ကို အောင်ပန်းမြို့မှာ ဝယ်ပေးလိုက်တာလို့ သိရပါတယ်။ နေလင်းရှိန်နဲ့ ချစ်သူကောင်မလေးက ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိပြီး နှစ်ယောက်သား နားလည်မှုတွေယူကာ ရည်မှန်းချက်ရောက်အောင် ကြိုးစားနေထိုင်နေတယ်လို့ ဆိုပါတယ်။
#နေလင်းရှိန် #NayLynnShane
#CeleNews #MyanmarActor #MyanmarCeleRelationship




