April 27, 2024

MT News
၃၁. ၁. ၂၀၂၃

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခြင်းကို ဇန်နဝါရီ ၃၁ ရက် နံနက် ၁ နာရီ ၃၅ မိနစ်တွင် စတင်ပင့်ဆောင်ခဲ့ရာ နံနက် ၈ နာရီ ၁ မိနစ်တွင် ရတနာပလ္လင်ထက်သို့ တင့်တယ်စွာ ရောက်ရှိစံမြန်းနေပြီဖြစ်ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန် ကနဦးလုပ်ငန်းဖြစ်သည့် ပင့်ထောင်ခြင်းလုပ်ငန်းများကို သံမဏိမျှော်စင်ဝန်ချီစက် အသုံးပြု၍ ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ် အချိန်မှ စတင်ပင့်ထောင်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတုတော်ကြီး လဲလျောင်းနေရာ ၀ ဒီဂရီမှ ၂၆ ဒီဂရီအထိ အမြင့်အားဖြင့် ၃၁ ပေ၊ ဇန်နဝါရီ ၂၇ ရက်တွင် ၂၆ ဒီဂရီမှ ၅၁ ဒီဂရီအထိ အမြင့်အားဖြင့် ၅၂ ပေ၊ ဇန်နဝါရီ ၂၈ ရက်တွင် ၅၁ ဒီဂရီမှ ၆၈ ဒီဂရီအထိ အမြင့်အားဖြင့် ၆၃ ပေ၊ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ အမြင့်အားဖြင့် ၇၅ ဒသမ ၅ ပေ ပင့်ထောင်ပူဇော်ခဲ့ပြီး ဆင်းတုတော် အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြာမြင့်ချိန်အားဖြင့် ၇၂ နာရီ ၅၀ မိနစ် ကြာမြင့်ခဲ့သည်။

အထက်ပါ ပင့်ထောင်ပြီးစီးသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းကြီးအား ရတနာပုလ္လင်တော်ထက်သို့ ပင့်ဆောင်ရေး လုပ်ငန်းများကို ဇန်နဝါရီ ၂၉ ရက် ည ၁၁ နာရီ ၁၆ မိနစ်ခန့်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် ရတနာပုလ္လင်တော်အနီး နေရာအထိ ပင့်ဆောင်နိုင်ခဲ့ပြီး စုစုပေါင်း ပင့်ဆောင်ခဲ့သည့် အကွာအဝေးမှာ ၈၁ ပေဖြစ်ကာ ကြာမြင့်ချိန် ၁၁ နာရီ ၁ မိနစ်ခန့်ကြာမြင့်ခဲ့သည်။ ထို့နောက် ရတနာပလ္လင်တော်ထက်သို့ ဆင်းတုတော်ပို့ဆောင်ရန် ဇန်နဝါရီ ၃၁ ရက် နံနက် ၁ နာရီ ၃၅ မိနစ်တွင် စတင်ပင့်ဆောင်ခဲ့ရာ နံနက် ၈ နာရီ ၁ မိနစ်တွင် ရတနာပလ္လင်ထက်သို့ တင့်တယ်စွာ ရောက်ရှိစံမြန်းနေပြီဖြစ်ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ထုဆစ်ပြီးစီးသည့် ဆင်းတုတော် အစိတ်အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဝန်ချီစက်(၈)လုံးပါ သံမဏိမျှော်စင် တည်ဆောက်ခြင်း၊ ဆင်းတုတော် ပင့်ဆောင်ရာတွင် ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှု မရှိစေရန် သံမဏိပန်းတောင်းတည်ဆောက်ခြင်းတိုသည်ပင် အချိန်အားဖြင့် (၇)လကြာပြီး သံထည်ပစ္စည်းတန်ချိန်အားဖြင့် ၃၈၀၀ တန် အသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့်ပူးပေါင်းကာ တပ်မတော်သား အင်ဂျင်နီယာများက တည်ဆောက်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ထိုမျှ ကြီးမားလေးလံသည့်ပစ္စည်းကို မတင်ရွှေ့ပြောင်းဖူးသည့် နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တယားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတိုတွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ဆင်းတုတော်အပိုင်း (၁/၂/၃)တိုကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ဖြစ်ပြီး အဆိုပါရုပ်ပွားတော်မြတ်မှာ စကျင်ဆင်းတုများအနက် ကမ္ဘာ့အကြီးဆုံးဆင်းတုဖြစ်လာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News