April 28, 2024

၃၁. ၁. ၂၀၂၃
Written By Thandar

နိုင်ငံ ၆ နိုင်ငံက CLMTV & CN အစီအစဉ်မှာ ဆုချီးမြှင့်ခြင်းခံရတဲ့ မြန်မာပန်းချီဆရာ ၄ဦးရဲ့ ပန်းချီများပြပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဒီနေ့အထိ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း (အလယ်) က The Collector Art Gallery မှာ ပြသခဲ့ပါတယ်။

၅ ကြိမ်မြောက် CLMTV & CN ကို ထိုင်းနိုင်ငံ၊ မဟာစရခမ်တက္ကသိုလ်က ကျင်းပတာဖြစ်ပြီး မဲခေါင်ဒေသ (၆) နိုင်ငံမှာရှိကြတဲ့ ပန်းချီ၊ ပန်းပုပညာရှင်တွေကို နှစ်စဉ်ရွေးချယ်ကာ ဆုတံဆိပ်ကိုလည်း ပြသခဲ့ပါတယ်။ ဒီနှစ်အတွက် မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ခံရသူတွေဖြစ်ကြတဲ့ Artist Mon Thet (Honored Artist Award) ၊ Artist Than Kyaw Htay (Honored Artist Award) ၊ Artist Pann Kyi (Young Artist Award) တို့နဲ့အတူ Project Cooperative Artist ဖြစ်တဲ့ Artist M. Tun Aung ရဲ့ လက်ရာတွေကို ပြသခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီပွဲကတော့ မဲခေါင်မြစ်ဝှမ်းကို စီးဆင်းတဲ့ နိုင်ငံပါ ၅ နိုင်ငံအပါအဝင် ဒီနှစ်ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်း ပါပါတယ်။ အဓိကတော့ အဲဒီနိုင်ငံတွေက ပန်းချီပညာရှင်တွေ ပေါင်းပြီးတော့ နိုင်ငံတစ်ခုနဲ့တစ်ခုကြားမှာ ပန်းချီအနုပညာကနေတစ်ဆင့် ပန်းချီကနေပိုနားလည်လာအောင် ရည်ရွယ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအချင်းချင်း အနုပညာနဲ့ပတ်သက်ပြီး တစ်ဆင့်ခံ ပူးပေါင်းကြတာပါ။ ဒီနှစ်ပွဲ ၂၀၂၂ မှာ ဆုချီးမြှင့်ခံရတာပေါ့။ ရှေ့မှာ မြန်မာပန်းချီဆရာတွေ ဆုချီးမြှင့်ခံရတဲ့ ပန်းချီဆရာတွေလည်း ရှိပါတယ်။ နိုင်ငံတစ်ခုဆီရဲ့ ရှေ့က စကားလုံးတွေကို ယူထားတဲ့ ၅ ကြိမ်ပွဲပါ။ ကိုဗစ်ကာလမို့ အွန်လိုင်းချိတ်ဆက်ပြီးမှ အင်တာဗျူးအကြိမ်ကြိမ်ဖြေပြီး ရခဲ့တဲ့ ဆုတွေပါ။ တခြားနိုင်ငံက ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကလည်း ဒီမှာ ပြသထားပါတယ်။ ဘယ်လိုစံနှုန်း ရွေးလည်း သေချာမသိပါဘူး။ ယဥ်ကျေးမှုပုံစံတွေကို ကြည့်ပြီး ရွေးချယ်တယ်လို့ ထင်ပါတယ်” လို့ Artist Than Kyaw Htay (Honored Artist Award) ကပြောပါတယ်။

ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် စတဲ့နိုင်ငံတွေက တက္ကသိုလ် ပန်းချီအသင်းအဖွဲ့ အချင်းချင်း ချိတ်ဆက်ပြီးတော့ ကိုဗစ်ကာလမို့ အွန်လိုင်းကနေ အင်တာဗျူးအကြိမ်ကြိမ်ပြသတဲ့ ပန်းချီပွဲမှာ ဆုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး စတင်ရေးဆွဲတဲ့ ပန်းချီကားကတစ်ဆင့် အဆင့်ဆင့် ပန်းချီလက်ရာ ပြောင်းလဲတိုးတက်မူတွေကို Zoom ကတစ်ဆင့်တင်ဆက်ပြသခဲ့ရတယ်လို့ သိရပါတယ်။

Artist Than Kyaw Htay ပန်းချီကား ၃ကား ၊ Artist Mon Thet ပန်းချီကား ၄ကား ၊ Artist Pann Kyi ပန်းချီကား ၅ ကားနဲ့ Artist M Tun Aung ပန်းချီကားက ၅ကား တို့ကို ပြသခဲ့တယ်လို့ သိရပါတယ်။ ပန်းချီကားတွေ ‌ရောင်းတာထက် အားလုံးရဲ့ပန်းချီကားတွေ ပြသချင်တဲ့ သဘောပါလို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News