
MT News
၃. ၇. ၂၀၂၅
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ် တစ်စင်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း၌ ညအချိန်ခရီးဝေး လေ့ကျင့်ပျံသန်းဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်လျက်ရှိသည်ဟု ယနေ့ ထုတ်ပြန် အသိပေးသည်။
တာဝန်ရှိသူများ၏ ပဏာမစစ်ဆေးချက်အရ စက်ချို့ယွင်းမှု(သို့မဟုတ်) ရုတ်တရက်ရာသီဥတုဆိုးရွားမှုများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပြီး ဆက်သွယ်မှု ပြတ်တောက်ရာနေရာတစ်ဝိုက်သို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ဆောင်ရွက်နိုင်ရေး ရာသီဥတု ဆိုးရွားလျက်ရှိသော်လည်း သက်ဆိုင်ရာမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကီလိုမီတာ ၁၃၀ သည် မိုင်အားဖြင့် ၈၀ ဒသမ ၇၈ မိုင်သာရှိ၍ ချို့ယွင်းပြတ်တောက်မှုဝန်းကျင်သည် နေပြည်တော်ဧရိယာအတွင်း၌ပင် ရှိနိုင်ပြီး လေယာဥ်ပျံတက်ပြီးစ အချိန်တွင်ပင် ဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်းနှင့် နေပြည်တော်၏အရှေ့တောင်ဘက်မှာ တောင်ကုန်းတောင်တန်းများဖြင့် ရှုပ်ထွေးသောမြေမျက်နှာပြင်ရှိနေရာ ဒေသဖြစ်နေသည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်ကလည်း တပ်မတော်လေယာဥ်တစ်စင်း ပုလဲမြို့နယ်အတွင်း ပျက်ကျမီးလောင်မှုဖြစ်ပွားခဲ့သည်။
