၃၀.၆.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ အခိုင်အမာရရှိထားတဲ့ မင်းသမီး သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ မိန်းကလေးတွေရဲ့ အချစ်က ကိုယ်ချစ်တဲ့သူဆိုရင် အထုပ်ပဲဆွဲလိုက်ရင်လိုက်ရပါစေ အကုန်ပံ့ပိုးပေးဖြစ်တယ်လို့ ဆိုပါတယ်။
“အဆိပ်ဇာတ်ကားထဲနဲ့ဆိုရင် အပြင်ကပုံနဲ့ကတော့ ၇၀ ရာခိုင်နှုန်း နီးစပ်မှုရှိတယ်။ တူတယ်လေ။ ဒါပေမယ့် အပြင်မှာတော့ ကိုယ်က အချစ်နဲ့ပတ်သက်ရင် ကိုယ့်မချစ်ရင်တော့ ထွက်သွားမှာပါ။ ကိုယ့်မချစ်တော့ရင်တော့ နေခဲ့မှာပါ။ မိန်းကလေးတွေကတော့ ချစ်ပြီဆိုရင် ရေဆုံးမြေဆုံးလိုက်ချစ်တာပါ။ ကိုယ်ချစ်ရင်တော့ ရေဆုံးမြေဆုံး အကုန်အမ်းတော့တာပါပဲ။ တကယ်ချစ်ပြီဆိုလို့က ဘယ်လိုပဲ ပံ့ပိုးရ ပံ့ပိုးရပေါ့။ အထုပ်ပဲလိုက် ဆွဲရ ဆွဲရပေါ့နော်။ ယောက်ျားလေးတွေထက် ပိုချစ်နိုင်စွမ်းရှိတဲ့သူပါ”လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ပြောပါတယ်။
သူမကတော့ အဆိပ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကာရိုက်တာ ပီပြင်ဖို့အတွက် ဆေးလိပ်သောက်တာတွေလည်း လေ့ကျင့်ခဲ့ပြီး သောက်ခဲ့ရတယ်လို့ဆိုပါတယ်။ အေးဝတ်ရည်သောင်းကတော့ အနုပညာပြန်လည်လုပ်ကိုင်ချိန်မှာ အဆိပ်ဇာတ်ကားကြီးက ရုံတင်ပြတဲ့ ဒုတိယမြောက်ဇာတ်ကားလို့ သိရပါတယ်။
#မအေးသောင်း #AyeWuttYiThaung #AyeThaung #MyanmarActress #အဆိပ်ရုပ်ရှင်


