April 28, 2024

MT News

Written by Thettant

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီး ဒေသခံတောင်သူများ ပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းများနှင့် မန်ဂျန်ရှားစိုက်ခင်းများအား PDF များက မီးရှို့ခဲ့သည်ဟု SAC ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် PDF များသည် လမိုင်းမြို့ဘက်မှ မော်တော် ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့ပြီး ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းနှင့် မန်ဂျန်ရှား စိုက်ခင်းများအား မီးရှို့ဖျက်ဆီးခဲ့ပြီး စာကလယ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သည်။ ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံတောင်သူများနှင့်အတူ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ထိုသို့ PDF များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် ရော်ဘာ ၄ ဧကနှင့် မန်ဂျန်ရှား ၁ ဧက စုစုပေါင်း ၅ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးခြံများအား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News