April 27, 2024

မာရဝိဇယရုပ်ပွားတော်မြတ်တွင် ဌာပနာထည့်သွင်းပူဇော်နေမှုနှင့် ဌာပနာသည့်ရတနာများ၊ လာရောက်လှူဒါန်းနေမှုများ မြင်ကွင်း

၃၁. ၁. ၂၀၂၃

Written by Thettant

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်အဖြစ် ရွှေနှင့်ကျောက်မျက် ၃၀၀ ကျပ်သားကျော် ဌာပနာထားပြီး ထပ်မံလှူဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်အထိ လှူဒါန်းနိုင်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့၏ လှုဒါန်းမှူဖြင့် အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းမည့် ဌာပနာကုသိုလ်များကို ထည့်ဝင်လှူဒါန်းလျက်ရှိကြပြီး ဇန်နဝါရီ ၃၀ အထိ နေပြည်တော်ကောင်စီနယ်မြေတွင် ရွှေထည် ၁၃ ကျပ်သား ၈ ပဲ၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၄၆ ကျပ်သား ၂ ပဲ ၆ ဒသမ ၈ ရွေး၊ ကျောက်မျိုးစုံ ၄၁ ကျပ်သား ၂ ပဲ၊ ပုလဲ ၇ ကျပ်သား ၃ ပဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေထည်နှင့် ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၁၇ ကျပ်သားကျော်တို့ကို လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဌာပနာသွင်းလှူပူဇော်ရန်အတွက် အဖိုးတန်ကျောက်မျက်ရတနာများ၊ ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ ဆင်းတုတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်လှူဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မတိုင်မီ (က) ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း ၀၉-၂၀၁၄၄၇၀၊ (ခ) ဒုတိယဗိုလ်မှူးကြီး အောင်ကို ၀၉-၂၅၉၀၉၉၈၉၉၊ (ဂ) ဗိုလ်မှူးချုပ် ကျော်စိုးဦး ၀၉-၃၉၁၀၀၅၄၇ နေပြည်တော်၊ (ဃ) ဗိုလ်မှူးချုပ် မြတ်သူစိုး ၀၉-၃၉၁၀၀၉၃၂ မြစ်ကြီးနား၊ (င) ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၀၉-၃၉၁၀၃၉၇၅ လားရှိုး၊ (စ) ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ၀၉-၃၉၁၀၃၂၆၆ တောင်ကြီး၊ (ဆ) ဗိုလ်မှူးချုပ် သန်းထွန်းအောင် ၀၉-၃၉၁၀၃၄၈၂ ခိုလမ်၊ (ဇ) ဗိုလ်မှူးချုပ် ကျော်ထက် ၀၉-၃၉၁၀၄၀၉၅ ကျိုင်းတုံ၊(ဈ) ဗိုလ်မှူးချုပ် ကျော်သူရအေး ၀၉-၃၉၁၀၁၅၄၁ မော်လမြိုင်၊ (ည) ဗိုလ်မှူးချုပ် သစ်လွင်ထူး ၀၉-၃၉၁၀၀၇၈၇ မြိတ်၊ (ဋ) ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် ၀၉-၃၉၁၀၃၂၈၃ ရန်ကုန်၊ (ဌ) ဦးမင်းမင်းထွန်း ၀၉-၄၂၂၅၁၁၈၈၈ ရန်ကုန်၊ (ဍ) ဦးသက်နိုင် ၀၉-၆၉၃၀၁၉၄၉၅ ရန်ကုန်၊ ( ဎ ) ဗိုလ်မှူးချုပ် အောင်ခင်ဇော် ၀၉-၃၉၁၀၀၃၄၈ ပုသိမ်၊ (ဏ) ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ၀၉-၃၉၁၀၃၂၂၄ အမ်း၊ (တ) ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၀၉-၃၉၁၀၀၃၄၅ မုံရွာ၊ (ထ) ဗိုလ်မှူးကြီး အောင်လွင် ၀၉-၃၉၁၀၁၇၄၈ မန္တလေး၊ (ဒ) ဦးတင်မောင်စိုး ၀၉-၂၅၀၈၆၂၁၅၈ မန္တလေး၊ (ဓ) ဦးစိုးဟိန်းနောင် ၀၉-၆၉၅၀၀၈၆၈၀ မန္တလေး၊ (န) ဗိုလ်မှူးချုပ် အောင်ခိုင်ချို ၀၉-၃၉၁၀၀၆၃၂ တောင်ငူ စသည်ပုဂ္ဂိုလ်များသို့ နယ်မြေဒေသအလိုက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *