
၂၈. ၆. ၂၀၂၅
Written by Nay Moe
ရေစကြိုမြို့နယ် ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးတွင်တာဝန်ထမ်းဆောင်နေသော အငြိမ်းစားတပ်ကြပ်ကြီးကို ရေစကြို PDF က ပစ်သတ်လိုက်ပြီး ပါရှိပစ္စည်းများအကုန် လုယက်လိုက်မှု ယနေ့ ကျူးလွန်ခဲ့သည်ဟု သတ်ဖြတ်လုယက်သည့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝန်ခံထားသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးတွင်တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးထွန်းအောင်(ငြိမ်း) အား ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ် မြို့အထွက်တွင် ရေစကြို PDF များက တားစီးဖမ်းဆီးရာ ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ တပ်ကြပ်ကြီးထွန်းအောင်(ငြိမ်း) မှာ နေရာမှာတွင်သေဆုံးခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝန်ခံထားသည်။

အဆိုပါ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ကြပ်ကြီးထွန်းအောင်(ငြိမ်း) ကို ပစ်သတ်ပြီးနောက် ဦးထွန်းအောင်စီးနင်းလာသော ဆိုင်ကယ်၊ ဘဏ်စာအုပ်၊ ဖုန်း၊ လက်စွပ်၊ ငွေသားနှင့် အထောက်အထားအားလုံးကို ရေစကြို PDF များက လုယက်သိမ်းယူခဲ့သည်ဟုလည်း သိရသည်။
