March 29, 2024

၃၀. ၁. ၂၀၂၃
ရိုက်ကူး၊ တင်ဆက် -ဟေမာ

ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်းပဋိပက္ခတွေကြားမှာ ၂နှစ်ကျော်ကြာ ပန်းချီပြပွဲတွေ မပြုလုပ်ဖြစ်တာ ၊ ပန်းချီမိတ်ဆွေတွေ မဆုံဖြစ်တာ ကြာခဲ့ပြီမို့ အခု ၂၀၂၃ နှစ်စမှာတော့ ပန်းချီပြခန်းတွေ ပြန်လည် အသက်ဝင်လာပြီလို့ ဆိုရမှာပါ။

ရောင်းဖြစ်ခြင်း မဖြစ်ခြင်းဆိုတာထက် ပန်းချီပြခန်းမှာ ကိုယ့်ပန်းချီကား ချိတ်ဆွဲလိုက်ရတဲ့ ပီတိကိုသာ မြန်မာ့ပန်းချီဆရာတွေအနေနဲ့ အမြင့်ဆုံး အနုပညာကြေးအဖြစ် သတ်မှတ်ခံစားနေကြရတာပါ။

နိုင်ငံတစ်နိုင်ငံရဲ့ အဓိက ပြယုဂ်တွေထဲမှာ အဲ့ဒီနိုင်ငံရဲ့ အနုပညာ အဆင့်အတန်းကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဒါတွေကြောင့်လည်း မြန်မာ့ပန်းချီအနုပညာကဏ္ဍအပေါ် အမြင်တွေ ပန်းချီဆရာတွေ ဘယ်လိုကြုံနေရသလဲဆိုတာတွေအပေါ် ပန်းချီဆရာကိုညီထွန်း၊ ပန်းချီဆရာ Oliver Ko Lay တို့ရဲ့ အမြင်တွေကို MT News Entertainment က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *