April 29, 2024

၃၀. ၁. ၂၀၂၃
MT News

ပြည်တွင်း ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်ဖြင့် အမြင့်ဈေးတွင် ဆက်ရှိနေပြီး ဇန်နဝါရီ ၃၀ ရက်တွင် ရွှေတစ်ကျပ်သား ကျပ် ၂,၈,၄၈,၀၀၀ အထိဖြစ်ပေါ်ခဲ့ကာ ပြည်တွင်းငွေလဲလှယ်နှုန်းမှာမူ တည်ငြိမ်လျက်ရှိသည်။

ဇန်နဝါရီ ၃၀ ရက် (တနင်္လာနေ့)တွင် ပြင်ပဈေးကွက်၌ ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သား ကျပ် ၂,၈၄၈,၀၀၀ အထိရှိလာပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက် (သောကြာနေ့)နှင့် နှိုင်းယှဥ်ပါက သုံးရက်အတွင်း ‌ရွှေတစ်ကျပ်သားလျှင် ကျပ် ၈,၀၀၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ငွေလဲလှယ်နှုန်းမှာလည်း ဇန်နဝါရီ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂,၈၅၅ ရှိပြီး ငွေဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၁၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၀ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၀ ကျပ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၅ ကျပ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ် ၊ ဇန်နဝါရီ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News