April 29, 2024

၃၀. ၁. ၂၀၂၃
Written by Nay Moe

ဖေဖော်ဝါရီ ၁ ရက်တွင် NUG ထောက်ခံသူများက ရုံးချိန်လွတ် Silent သပိတ်ပြုလုပ်ရန် နှိုးဆော်ထားပြီး တပ်မတော်ထောက်ခံသူများကလည်း ပုံမှန်သွားလာလှုပ်ရှားမည့် တပ်ထောက်ခံပွဲပြုလုပ်မည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

တပ်မတော်က အာဏာသုံးရပ်ရယူခဲ့မှုအပေါ် နှစ်နှစ်ပြည့်အဖြစ် ကန့်ကွက်ဆန္ဒပြမည့် နွေဦးတော်လှန်ရေးနှစ်နှစ်ပြည့် Silent Strike ကို အများပြည်သူနှင့် ရုံးဝန်ထမ်းများ နေအိမ်၊ ရုံးခန်း၊ ကျောင်းများစသည့် မိမိမှီတည်ရာပရဝုဏ်အတွင်းရှိနေစဥ် နံနက် ၁၀ နာရီမှ နေ့လည်သုံးနာရီအကြား လှုပ်ရှားမည့် Silent Strike ကို ရုံးချိန်လွတ်သပိတ်ဟု NUG မထောက်ခံသူများက လှောင်ပြောင်နေကြသည်။

ထို့အတူ တပ်မတော်၏အာဏာသုံးရပ်တာဝန်ရယူမှုကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲများကိုလည်း တပ်မတော်ထောက်ခံသူများက ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုနေ့တွင် ပုံမှန်လှုပ်ရှားသွားလာမှုများပြုလုပ်နေခြင်းဖြင့် တပ်မတော်ထောက်ခံမှုပြုလုပ်ရန်နှင့် NUG ထောက်ခံသူများ၏ ရုံးချိန်လွတ်သပိတ်မအောင်မြင်ရန်လည်း တပ်မတော်ထောက်ခံသူများက နှိုးဆော်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *