၂၇.၆.၂၀၂၅
Written By Thandar
ဘောလုံးအားကစားကို Comedy Horror ဇာတ်လမ်းပုံစံ “ဂေါင်းကြီးတို့ ရွာသာရွာ” ဇာတ်လမ်းတွဲကို တစ်ပိုင်းနဲ့တစ်ပိုင်း အချိတ်အဆက်လေးနဲ့ အကောင်းဆုံးပုံဖော်ထားကြတယ်လို့ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)က ပြောပါတယ်။
ဒီဇာတ်ကား မိတ်ဆက်ပွဲကို ဇွန်လ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zaelax Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်တွေဖြစ်တဲ့ ကျော်ကျော်ဗို၊ ခင်လှိုင်၊ အိချောပို၊ မေပန်းချီ၊ ဝါဝါအောင်၊ သွက်လက်စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော် ဂေါင်းကြီးတို့ဆိုတဲ့အတိုင်းလေးပဲ ကိုကြံ့@ကျော်ကျော်ဗိုက ရှေ့မှာဗီဒီယိုအနေနဲ့ ပုံဖော်ခဲ့တာရှိဖူးတယ်။ ဇာတ်လမ်းတွဲအနေနဲ့ ပုံဖော်ချင်တာမို့ ကိုကြံ့က ဇာတ်ကို ပြန်လည်ရိုက်ကူးဖြစ်ခဲ့တာပါ။ ရိုက်ကွင်းဇာတ်ညွှန်းအဖြစ်နဲ့ ကျွန်တော်က ပြန်လည် ဖန်တီးထားတာပါ။ အဓိက ဟာသကို ဇောင်းပေးထားတဲ့ ဇာတ်ဆိုပေမယ့် အပိုင်းလေးတစ်ခုမှာ ဇာတ်လေးတစ်ပုဒ်အနေနဲ့ ပါဝင်ကြတယ်။ ကျွန်တော်က ဇာတ်လမ်းတွဲပိုင်းမှာတော့ အားနည်းပါတယ်။ ရုပ်ရှင်ကားကြီး တစ်ကားစာကို ရိုက်တတ်တာပါ။ ဒီဇာတ်ကားက အချိန်အဆက်လေးတွေရှိအောင် ရအောင်ချိတ်ဆက်ထားပါတယ်။ ဘောလုံးအားကစားရယ် ဟာသအပြင် Horror လေးပါ ပေါင်းစပ်ထားပါတယ်”လို့ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်) က MT Entertainment ကို ပြောပါတယ်။
အဆိုပါဇာတ်လမ်းတွဲကို ဇာတ်လမ်း အကယ်ဒမီ ကျော်ကျော်ဗို၊ ဇာတ်ညွှန်း သက်ဦးမောင်က ရေးသားပြီး လက်ထောက် ဒါရိုက်တာ မိုးမိုး၊ ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗို၊ အိချောပို၊ ခင်လှိုင်၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ဦးရွှေအိုး၊ သွက်လက်၊ စိုးမိုးကြည်၊ အကယ်ဒမီ ဝါဝါအောင်၊ ဂွမ်းပုံကြီး၊ ဇာခြည်လွင်၊ ပိုပို၊ အုန်းဒိုင်းနဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးပါဝင်ထားကြပါတယ်။
အပိုင်း (၁၁) ပိုင်းစာ ပါဝင်တဲ့“ဂေါင်းကြီးတို ရွာသာရွာ”ဇာတ်လမ်းတွဲကို ဇွန်လ ၂၆ ရက်နေ့ကစ HEY Play Application၊ HEY Play YouTube Channel နဲ့ Channel 7 ရုပ်သံလိုင်းက ည၉နာရီတိုင်းမှာ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။
#KyawKyawBo #KhinHlaing #EiChawPo #MayPaChe #ZawWinNaing #ဂေါင်းကြီးတိုရွာသာရွာ #HEYPlay


