၂၇.၆.၂၀၂၅
Written By Thandar
ယနေ့ ဇွန်လ ၂၇ ရက်မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် “မြန်မာနိုင်ငံဂီတနေ့” အထိမ်းအမှတ်အနေနဲ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲမှာ နာမည်ကြီး တေးသံရှင်တွေ ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ မြန်မာနိုင်ငံ ဂီတနေ့အနေနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ နာမည်ကြီး အဆိုတော်တွေက Friday Night Live Show အနေနဲ့ ပြည်သူတွေ စိတ်အပန်းပြေစေဖို့အတွက် ရည်ရွယ်ပြီး တေးဂီတဖျော်ဖြေပွဲတွေကို ဆန်းသစ်တင်ဆက်နေတာလည်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကိုတော့ နာမည်ကြီး တေးသံရှင်တွေဖြစ်တဲ့ ဂျက်မြသောင်း၊ ရဲထိုက်၊ သဟာအောင်၊ မင်းစည်သူ၊ JB ၊ နွဲယဉ်ဝင်း၊ L ဆိုင်းဇီ၊ မေလသံစဉ်၊ နိုနို၊ မိုးသူနဲ့ နှင်းနှင်းအောင်တို့က တေးသီချင်းကောင်းတွေကို Northern Star’s Band ရဲ့ တီးခတ်မှုနဲ့အတူ သီဆိုဖျော်ဖြေ တင်ဆက်ကြမှာဖြစ်ပါတယ်။
၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ ဂီတနေ့အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နဲ့ MRTV Entertainment Channel တို့က ဒီနေ့ည ၉ နာရီခန့်မှာ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှာဖြစ်သလို MRTV App ရဲ့ Entertainment Sector နဲ့ MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်ပေးမယ်လို့ သိရပါတယ်။
နာမည်ကြီး တေးသံရှင်တွေရဲ့ သီချင်းတွေကို ပြန်လည်နားဆင်နိုင်ဖို့အတွက် ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီခွဲမှာလည်း MRTV HD Channel က ထုတ်လွှင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
