၃၀. ၁. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယား ထိပ်တန်းအဆင့်ဝင် မင်းသား ဆောင်ဂျွန်ကီက ချစ်သူဖြစ်တဲ့ ဗြိတိန်သူ Katy Louise Saunders နဲ့ လက်ထပ်လိုက်ပြီဆိုတဲ့အကြောင်းကို ဒီနေ့ (ဇန်နဝါရီ ၃၀ ရက်)မှာတော့ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ဗြိတိန်သူ Katy နဲ့ တွဲနေတယ်ဆိုတဲ့သတင်းကို အတည်ပြုခဲ့တဲ့ မင်းသား ဆောင်ဂျွန်ကီက အခုချိန်မှာတော့ Katy က ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းကိုလည်း ကြေညာခဲ့ပါသေးတယ်။

ဆောင်ဂျွန်ကီရဲ့ အေဂျင်စီဖြစ်တဲ့ High Zium Studio က အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး “သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို သီးသန့်ကျင်းပမှာဖြစ်ပေမယ့် အတိအကျ မဆုံးဖြတ်ရသေးပါဘူး” လို့ ဆိုပါတယ်။

မင်းသားဆောင်ဂျွန်ကီရဲ့ Netflix စီးရီး Vincenzo ဟာဆိုရင် အောင်မြင်မှုကြီးကြီးမားမားတွေ ရရှိခဲ့သလို နောက်ဆုံးထွက် Reborn Rich ဇာတ်လမ်းတွဲမှာလည်း ဆောင်ဂျွန်ကီရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်ကြည့်ရှုနှုန်းကို အမြင့်ဆုံးထိ ဆွဲခေါ်နိုင်ခဲ့ပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *