
၂၄.၆.၂၀၂၅
Written By Zun
TNLA လက်နက်ကိုင်များ နယ်မြေလု အခြေချရာ ကျောက်မဲမြို့ကို တပ်မတော်က ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီခန့်အချိန်က TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို တပ်မတော်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချ ရှင်းလင်းခံခဲ့ရကြောင်း TNLA ကလည်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကျောက်မဲမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက် (၇) တို့တွင် ဗုံးဒဏ်ကြောင့် (၄)ဦး သေဆုံးခဲ့ကာ (၄)ဦး ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူများမှာ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး ဖြစ်ပြီး အမျိုး သား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀)လုံးခန့် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
“တပ်ဖက်က အားသာတယ်လေ။ မြေပြင်မှာ၊နောင်ချိုမြို့နယ်မှာက တိုက်ပွဲ ရှိနေသေးတယ်။နောင်ချို၊ ကျောက်မဲ အဲဒီ မြို့တွေကတော့ တပ်မတော်ဘက် ပြန်ယူမယ်လို့ သတင်းတွေ ထွက်နေတယ်”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ယင်းအပြင် ယနေ့ ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက နောင်ချိုမြို့နယ်၊ နောင်လင်ရွာနှင့် နောင်အောင်ရွာအနီးရှိ ပွိုင့်-၁၁၂၁ စခန်းကုန်းတို့ကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကာ ဆုတ်ခွာထွက်ပြေးခဲ့သည့် TNLA နောက် ထပ်ကြပ်လိုက် လံ ချေမှုန်းခဲ့ရာ အလောင်းတစ်လောင်းနှင့် လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၃၀၀ ခန့်၊ မိုင်း ၄ လုံး၊ ပစ်ကျင်း ၂၄ ကျင်း၊ မြေစိုက်ဘန်ကာ ၆ လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း တပ်မတော်သတင်းရင်းမြစ်များဆီက သိရသည်။
