၂၄. ၆. ၂၀၂၅
Translated by Thettant
အိန္ဒိယလေယာဉ်များအတွက် ပါကစ္စတန်နိုင်ငံက လေပိုင်နက်ပိတ်ပင်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံတိုးမြှင့်လိုက်သည်ဟု ပါကစ္စတန် လေဆိပ်အာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင် ကြေညာခဲ့သည်။
ပါကစ္စတန် လေဆိပ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းမှူးများအတွက် အသိပေးချက် (NOTAM) အရ အဆိုပါကန့်သတ်ချက်သည် အိန္ဒိယတွင် မှတ်ပုံတင်ထားသော သို့မဟုတ် အိန္ဒိယလေကြောင်းလိုင်းများနှင့် ပြေးဆွဲသူများမှ ပိုင်ဆိုင်၊ ပြေးဆွဲ သို့မဟုတ် ငှားရမ်းထားသော စစ်ဘက်ဆိုင်ရာလေယာဉ်များ အပါအဝင် လေယာဉ်အားလုံးနှင့် သက်ဆိုင်သည်ဟု သိရသည်။
အဆိုပါ အသိပေးချက်တွင် ကရာချိနှင့် လာဟိုး လေကြောင်းသတင်းအချက်အလက်ဒေသများ (FIRs) နှစ်ခုလုံး ပါဝင်ပြီး အိန္ဒိယလေယာဉ်များ ပါကစ္စတန်၏ လေပိုင်နက်တစ်ခုလုံးသို့ ဝင်ရောက်ခြင်းကို ထိရောက်စွာ ကန့်သတ်ထားသည်။
လေပိုင်နက်ကန့်သတ်ခြင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပါကစ္စတန်က စတင်ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ဆက်တိုက်ထုတ်ပြန်သော NOTAM များဖြင့် တိုးချဲ့ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးထုတ် NOTAM အရ အိန္ဒိယလေယာဉ်များကို လေပိုင်နက်ပိတ်ထားခြင်းသည် လာမည့် ဇူလိုင်လ ၂၃ ရက်နေ့အထိ အသက်ဝင်နေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Ref, Xinhua
