
၂၃. ၆. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ဖြစ်စဥ်အပြီးမှာ
ဩစတြေးလျနိုင်ငံထွက်ပြေးသူ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ တာမွေမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးအောင်မျိုးလင်းတို့ ဇနီးမောင်နှံမှာ ဇနီးက သူခိုးဖြစ်နေပြီး ခင်ပွန်းက ရိုက်နှက်လုယက်လို့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရသလို ကျူးလွန်သူလင်မယားမှာ ခင်ပွန်းဖြစ်တဲ့ ဦးအောင်မျိုးလင်းကလည်း ဝန်ခံထားတာကို တွေ့ရပါတယ်။

ဒီဖြစ်စဥ်မှာ ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ဝါယာဘီမှာရှိတဲ့ ကချင်ကုန်စုံဆိုင်တစ်ဆိုင်က ဆိုင်ရှင်အမျိုးသမီးကို ငရုတ်ကျည်ပွေ့နဲ့ ရိုက်နှက်လုယက်သွားသူ NLD ပါတီဝင်၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖူးသူ ဦးအောင်မျိုးလင်းကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ကျူးလွန်သူ ဦးအောင်မျိုးလင်းဟာ ဆိုင်အတွင်း မသင်္ကာဖွယ် နှာခေါင်းစည်း၊ နေကာမျက်မှန်တွေ တပ်ဆင်ပြီး ဈေးလာဝယ်ချိန် ငွေရှင်းခါနီး မထင်မှတ်ဘဲ ငရုတ်ကျည်ပွေ့နဲ့ ရိုက်နှက်ပြီးတော့ ကောင်တာထဲက ငွေရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဆိုင်ရှင် ကချင်အမျိုးသမီးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောတဲ့အကြောင်း မြစ်ကြီးနားသတင်းဂျာနယ်က ဖော်ပြလာတာဖြစ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်က သတင်းဖော်ပြမှုကို ဦးအောင်မျိုးလင်း ရိုက်နှက်ခံထားရတဲ့ ဆိုင်ရှင်အမျိုးသမီးကိုယ်စား ပတ်သက်သူက လူမှုကွန်ရက်မှာ Live လွှင့်ဖြေရှင်းထားပြီး သူမ Live မှာ ဦးအောင်မျိုးလင်းက ရိုက်နှက်လုယက်မှုကျူးလွန်တာ ဝန်ခံထားတာ၊ ဦးအောင်မျိုးလင်းရဲ့ ဇနီးကလည်း ဩစတြေးလျက စျေးဆိုင်တွေမှာ လှည့်ပတ်ခိုးယူနေတာ၊ CCTV မှတ်တမ်းရှိကြောင်းပါ ပြန်လည် ပြောဆိုထားတာ တွေ့ရပါတယ်။
ဦးအောင်မျိုးလင်းဟာ သူ့ဇနီး သူခိုးဖြစ်ကြောင်း၊ သူက လူရိုက်မှု၊ လုယက်မှုတွေနဲ့ အမှုဖွင့်ခံထားရကြောင်း လက်ရှိသတင်းတွေနဲ့ပတ်သက်လို့ Live လွှင့်ထားတဲ့ ရုပ်သံဖိုင် နှစ်ဖိုင် MT News က တွေ့ရှိပေမဲ့ ဒီ ရုပ်သံဖိုင်တွေမှာ NLD အရှိန်အဝါသုံးပြီး တော်လှန်ရေးအကြောင်းတွေနဲ့ ဖိအားပေးခြိမ်းခြောက်တဲ့ မလိုလားအပ်တဲ့ စကားတွေ အပ်ကြောင်းထပ်နေတာက နာရီနဲ့ချီ ကြာနေသလို သူကျုးလွန်တဲ့ ကာယကံရှင်အမျိုးသမီးကတောင် မပြောဘဲ ကြားလူက ပြောနေလို့ ဦးအောင်မျိုးလင်းက ပြန်ပြီး အပြစ်တင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဦးအောင်မျိုးလင်းက လူမှုကွန်ရက်မှာ ” အစ်မရေ ဒီနေ့ငွေ ဘယ်ဈေးပေါက်လဲ ကျွန်တော် မေးလိုက်တယ်။ အစ်မကလည်း ကောင်တာမှာ။ ကျွန်တော်တို့ အရင်ကငွေလွှဲရင်လည်း သူ့ဆီကလည်းလွှဲဖူးတဲ့ အကြိမ်တွေလည်း ရှိတယ်။ ဒီနေ့ ၂,၈၅၀ ဆိုတော့ ကျွန်တော်တော်တော် တွေဝေသွားတယ်။ စိတ်ညစ်သွားတယ်။ ဟိုတစ်ရက်၊ နှစ်ရက်ကပဲ ငွေတွေအထဲကို လှမ်းပို့တဲ့ အခါကျတော့ တစ်သိန်းကိုးသောင်းတို့။ နှစ်သိန်းတွေ ရတဲ့အခါကျတော့ ငွေတွေက တော်တော်ဟလှရှိလား။ ကျွန်တော့်စိတ်ထဲမှာ အများကြီး ရှော့ခ်(Shock) ရိုက်နေပြီ။ အများကြီး ကွာသွားတာကို။ တစ်ဒေါ်လာကို ကိုးရာလောက် ကွာသွားတာကိုး။ ကျွန်တော်က ငါးပိထောင်းဘူးရှိလားလို့ မေးတော့ ရှာပေးတယ်။ တွေ့ပြီလို့ ပြောနေရင်းနဲ့ ကျွန်တော့်နားထဲမှာ ကြားလိုက်တယ်။ သူကကျွန်တော့်ကို မအေနဲ့ကိုင်တုတ်ပြီး ဆဲလိုက်တာ ကြားလိုက်တဲ့အချိန်မှာ ကျွန်တော် ခေါင်းတစ်ပိုင်းကြီးသွားပြီး ဒေါသအရမ်းထွက်သွားတယ်။ အဲဒီ ဆဲသံကို ကြားလိုက်တဲ့အချိန်မှာ အဲဒီနားမှာပဲ နီးနီးလေး ဒယ်အိုးတွေရော ဘာတွေရော ရှိတဲ့နေရာကနေ ကျွန်တော် အရာဝတ္ထုတစ်ခုကိုကောက်ပြီး ထုလိုက်မိတယ်။ “လို့ ဦးအောင်မျိုးလင်းက ဖြေရှင်းထားတယ်လို့ မြစ်ကြီးနားဂျာနယ်က ရေးထားပေမယ့် ဦးအောင်မျိုးလင်းရဲ့ အကောင့်မှာတော့ MT News က မတွေ့ရှိရဘဲ ဖြစ်ပွားမှုပုံစံအရတော့ အဲဒီပို့စ်ကို ဖျက်သွားတဲ့ အခြေအနေလို့ ယူဆရပါတယ်။
ကျူးလွန်ခံရတဲ့ ဆိုင်ရှင်အမျိုးသမီးကတော့ အဲဒီနေ့က ငွေဈေးမေးတာ မရှိသလို ဆဲဆိုတာပါ မရှိခဲ့ဘူးလို့ ပြန်လည်ဖြေရှင်းသလို လက်ရှိအချိန် ကျူးလွန်သူဦးအောင်မျိုးမင်းကို ဓားပြတိုက်လူရိုက်မှု၊ ငွေကြေးလိမ်လည်မှုအပြင် ခိုးမှုတို့နဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပြီး ရဲဘက်က DNA၊ လက်ဗွေရာတွေကို စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း ဩစတြေးလျက စျေးဆိုင်တွေမှာ လှည့်ပတ်ခိုးနေတဲ့ ဦးအောင်မျိုးလင်းရဲ့ ဇနီး ခိုးယူမှု CCTV မှတ်တမ်းကို MT News က ဖော်ပြခဲ့ဖူးတာကို ဒီလင့်ခ်မှာ https://t.me/MT_News_Media/52411?single ဖတ်ရှုနိုင်ပါတယ်။
Ref & Photo , Myitkyinar News Journal
